Connect with us

Hi, what are you looking for?

သတင်း

ကျောမြို့ရှိ MOGE လုပ်ငန်းတစ်ခုကို YDF တပ်ရင်း (၁၂) ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများနှင့် အင်ဂျင်နီယာမှူးကို ထိန်းသိမ်းထားဟုဆို

ဖြစ်စဥ်အရ ဇူလိုင် ၂၈ ရက်တွင် ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံအား YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနှင့်သေနတ်အတို တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အသိ ပေးသည်။

ဓာတ်ပုံ-ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ။
ဓာတ်ပုံ-ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံ။

ကားလေးစီးနှင့်သေနတ်အတိုတစ်လက်သိမ်းဆည်းရရှိ

စစ်ကောင်စီလက်ဝါးကြီးအုပ်ထားသော ကျောမြို့ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း (MOGE)လုပ်ငန်းတစ်ခုကို YDF တပ်ရင်း(၁၂)မှ သွေးစွန်းငွေဖြတ်တောက်နိုင်ရန်ရည်ရွယ်၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း ယောကာကွယ်ရေးတပ် – YDFက ယနေ့(ဇူလိုင် ၃၁ ရက်) ထုတ်ပြန် သည်။

ဖြစ်စဥ်အရ ဇူလိုင် ၂၈ ရက်တွင် ကျောမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပုထိုးလုံ (၁၂) မဂ္ဂါဝပ်သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအလုပ်ရုံအား YDF တပ်ရင်း (၁၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ကားလေးစီးနှင့်သေနတ်အတို တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အသိ ပေးသည်။

ထို့အပြင် သုံးကြိမ်တိုင်တိုင် CDM ပြုလုပ်ရန် သတိပေးထားသော ဝန်ထမ်းများ နှင့် အင်ဂျင်နီယာမှူး မင်းအောင်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း YDF စစ်ဦးစီးချုပ် ကိုဘလှိုင်းမှ အတည်ပြုသည်။

ပုထိုးလုံ (၁၂) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွင် လျှပ်စစ်ဌာနဆိုင်ရာ ဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီး Gas Engine (၇)လုံးဖြင့်လည်ပတ်ကာ မကြာသေးမီက စစ်တပ်နှင့် ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းကာ လျှပ်စစ်စတင်ထုတ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ ဝန်ထမ်းအင်အား စုစုပေါင်း ထက်ဝက်လောက်ကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။