Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေး ပူးပေါင်းလုပ်ဆောင်ရန် NUGနှင့် အမေရိကန်ဆွေးနွေး

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် အမေရိကန် အာရှပစိဖိတ်ဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink နှင့် ယမန်နေ့တွင် တွေ့ ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မကြာသေးမီက စစ်အုပ်စု၏ လူမဆန်သော သေဒဏ်စီရင်ချက်များအပေါ် အထူးအလေးပေးဆွေးနွေးခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ ဆုံးခန်းတိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် အမေရိကန်အနေဖြင့် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ​တွေ့ဆုံမှုတွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က”အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။ အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။” ဟု​ပြောကြားခဲ့​ကြောင်း အ​မေရီကန်သံရုံးကလည်းသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို ဥပဒေမဲ့သေဒဏ်ပေးကွပ် မျက်ခဲ့မှုကို အမေရိကန်အပါအဝင် အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အီးယူ၊ G7 တို့ကလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။