Connect with us

Hi, what are you looking for?

သတင်း

ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အချိန်အကန့်အသတ်ရှိနေကြောင်း၊ ထို့ကြောင့် ဆွေးနွေး တိုင်ပင်မှုများကို ဆွေးနွေးသည့် အဆင့်၌ ရပ်မနေဘဲ အကောင်အထည်ဖော်နိုင်ရေး သေချာစွာ စီစဉ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား
ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီညွတ် ရေးအင်အားစုကို တည်ဆောက်ရန် NUG ခေါင်းဆောင်များက အစိုးရအဖွဲ့ဝင်များအား မှာကြား

▪️နိုင်ငံရေးအရ မဟာမိတ်တိုင်းရင်းသားများ လျှောက်လှမ်းချင်သည့်လမ်းကြောင်း၊ စစ်ရေးအရ အတူပူးပေါင်း လုပ်ဆောင်နိုင်မှုအခြေအနေများ နားလည်သဘောပေါက်ထားရန်လိုအပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ အနေဖြင့် ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီ ညွတ်ရေးအင်အားစုကို သဘောထားကြီးကြီးနှင့် ဆက်လက်တည်ဆောက်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မဟာမိတ်များနှင့်ပတ်သက်သည့် အရေးကိစ္စကို အလေးထား ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်အာဏာရှင်စနစ်ဖြိုဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဆိုင်ရာ ကဏ္ဍကိုယ်စီက အားသွန်ကြိုးပမ်းနေကြောင်း ယာယီသမ္မတက ပြောသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်ခေါင်း ဆောင်တွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေ အားလုံး ဟာ ဘုံတူညီတဲ့ပန်းတိုင်တစ်ခုတည်းကိုမျက်ခြေပြတ်လို့ မရဘူး။ ဒါကတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ အနေဖြင့် ပိုမိုစုစည်းအားကောင်းသည့် မဟာမိတ်ညီ ညွတ်ရေး အင်အားစုကို သဘောထားကြီးကြီးဖြင့် ဆက်လက်တည် ဆောက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို လိုလားထောက်ခံသည့် နိုင်ငံတကာအစိုးရ အသိုင်းအဝန်းနှင့် ဆက်ဆံရေးခိုင်ခိုင် မာမာဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်ရန်၊ မိတ်ဖက်ဖြစ်နိုင်သည့် အင်အားစုများကို ဖက်ဒရယ်ဒီမိုကရေစီ တန်ဖိုးများအား အခြေခံစံတန်ဖိုးအဖြစ် ထားပြီး မဟာဗျူဟာကျကျ စည်းရုံးကြရန် တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ‘မဟာမိတ်ဆက်ဆံရေး ကော်မတီအနေနဲ့လည်း မဟာမိတ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ Formal ချဉ်းကပ်လုပ်ဆောင်ရမှာတွေရှိသလို Informal အနေနဲ့ ရင်းနှီးကျွမ်းဝင် သူများမှတဆင့် မဟာမိတ်များရဲ့ အသံတွေကို ရင်းရင်းနှီးနှီး နားထောင်ကြည့်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ မဟာမိတ် တိုင်းရင်း သားများ လျှောက်လှမ်းချင်တဲ့ လမ်းကြောင်း၊ စစ်ရေးအရ အတူပူးပေါင်း လုပ်ဆောင်နိုင်မှု အခြေအနေတွေကို ကျွန်တော်တို့ အားလုံး နားလည်သဘောပေါက် ထားမှသာ ကျွန်တော် တို့ရဲ့ စီမံခန့်ခွဲမှုတွေက ထိရောက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အချိန်အကန့်အသတ်ရှိနေကြောင်း၊ ထို့ကြောင့် ဆွေးနွေး တိုင်ပင်မှုများကို ဆွေးနွေးသည့် အဆင့်၌ ရပ်မနေဘဲ အကောင်အထည်ဖော်နိုင်ရေး သေချာစွာ စီစဉ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။