Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း
ကျိုက်ထိုတွင် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးသန်းထွန်းမောင်ကို ပစ်ခတ် ရှင်းလင်း

အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာသော စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း LPDF Theinzayat က ယနေ့(သြဂုတ် ၃ရက်) ထုတ်ပြန်သည်။

ရှင်းလင်းခံရသည့် တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ကိုယ်ပိုင်အမှတ် တ/၁၈၇၃၃၁ ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉)တပ်ရင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူဟု ဆိုသည်။

၎င်းကို ယမန်နေ့ ညနေ ၄နာရီ မိနစ် ၄၀ခန့်က ကျိုက်ထိုမြို့နယ်၊ ဝင်းကံတံတားတွင် LPDF Theinzayat နှင့် Gods of Death အဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်အပြီးတွင် ယမန်နေ့ ညနေ ၅နာရီ မိနစ် ၂၀ခန့်က သိမ်ဇရပ်အခြေစိုက် အမြှောက် တပ်(၃၁၀)မှ လက်နက်ကြီး (၁၂၀)မမ ငါးလုံးထက်မနည်း ကျေးရွာများသို့ ရည်ရွယ်၍ ပစ်ခတ်ခဲ့ သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ကျိုက်ထို – ဘီးလင်း အဆက် သံတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။