Connect with us

Hi, what are you looking for?

သတင်း

အရာတော် – ထီးဆောင်း – မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး

အရာတော်နယ်သည် အကြမ်းဖက်စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရဆဲ ဖြစ်သောကြောင့် ပြည်သူအချင်းချင်း သတင်းပေးပို့ ကူညီကြပါရန်လည်း အကူအညီတောင်းခံထားသည်။

အရာတော် - ထီးဆောင်း - မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး
အရာတော် - ထီးဆောင်း - မြင်းမူလမ်းပိုင်းအား ပြည်သူများ လုံးဝအသုံးမပြုကြရန် အရာတော်ပကဖ သတိပေး

အရာတော် – ထီးဆောင်း – မြင်းမူ လမ်းပိုင်းအား ပြည်သူများ လုံးဝ အသုံးမပြုကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၃)ရက်ာနေပိုင်းတွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းအား ကြေညာချက်ထပ်မံ မထုတ်ပြန်မချင်း လုံးဝ အသုံးမပြုကြရန် သတိပေးထား​ပြီး လက်ရှိတွင် အရာတော်မြို့နယ် တောင်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့် ကျေးရွားများသို့ ဝင်ရောက်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇီးပင်လယ် ရွာတွင် စစ်ကြောင်းတစ်ကြောင်း၊ ညောင်ပင်ရွာတွင် စစ် ကြောင်းတစ်ကြောင်းနှင့် ရသာရွာတွင် စစ်ကြောင်းတစ်ကြောင်းဖြင့် စုစုပေါင်း စစ်ကြောင်းသုံးခုဖြင့် စစ်ရေးလှုပ်ရှားလျှက်ရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အဓိကကတော့ ပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းအောင်လို့ သတိပေးတားမြစ်ရတာပါ ခင်ဗျ။ အခုလက်ရှိ အရာတော်တောင်ခြမ်းမှာက စစ်ကြောင်းသုံးကြောင်း ရောက်နေတယ်။ ပြီးတော့ မနေ့ကဆိုလို့ရှိ မြင်းမူကနေ အရာတော်လာတဲ့ စစ်ကြောင်းဟာဆိုရင် ဓားစာခံ ၁၄ ရောက်ဖမ်းလာတယ်။ အဲဒီ ၁၄ ယောက်ကို ဒီကောင်တွေက စစ်ဝတ်စုံတွေဝတ်ခိုင်းပြီးတော့ လူသားဒိုင်းအဖြစ်သာမက သူတို့ရဲ့ ဝန်ဆီဆလည်တွေပါ ထမ်းခိုင်းတယ်။ အဲလိုဖြစ်စဥ်တွေရှိတော့ ပြည်သူတွေ ဓားစာခံဖမ်းဆီးမခံရအောင်ရယ်၊ ဘေးအန္တရာယ်ကင်းအောင်ရယ် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဘေးရှောင်မည့် ပြည်သူများအနေဖြင့်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ပြီးမှသာ စစ်ဘေးအန္တရယ် ရှောင်ရှားကြရန် အရာတော် (ပကဖ)က သတိပေးသည်။

အရာတော်နယ်သည် အကြမ်းဖက်စစ်တပ်၏ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချခံထားရဆဲ ဖြစ်သောကြောင့် ပြည်သူအချင်းချင်း သတင်းပေးပို့ ကူညီကြပါရန်လည်း အကူအညီတောင်းခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။