Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး
ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ၄ ရက်တိတိသွားလာခြင်းမပြုရန် နတ်တောင်နဂါး (ပ .က.ဖ)သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအားသြဂုတ်လ၅ ရက်နေ့မှစ၍ ၈ ရက်နေ့အထိ လေးရက်ကြာ ဖြတ်သန်းခွင့်ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဒေသတွင်း နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့ကသတိပေးကြေညာသည်။

သြဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီမှ ၈ ရက်နေ့ နံနက် ၆ နာရီအထိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးပြုခြင်း လုံးဝ မပြုလုပ်ရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က ယနေ့သြဂုတ်လ၃ရက်နေ့တွင် အသိပေးသည်။

သတိပေးထုတ်ပြန်ချက်ကို ပြည်သူများ လိုက်နာဆောင်ရွက်ပေးကြရန် နတ်တောင်နဂါး (ပ က ဖ) ပြောက်ကျားတပ်ဖွဲ့က အထူးမေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ရွှေဘို-ကျောက်မြောင်းလမ်းသည် ရွှေဘိုမြို့မှ အရှေ့ဘက် ရွှေဘိုခရိုင်အရှေ့ခြမ်း စစ်ကိုင်းတိုင်းနယ်ဆုံးရာ ကျောက်မြောင်းသို့ ဆက်သွယ်ထားသည်။

သြဂုတ်လ၁ရက်နေ့က ရွှေဘိုခရိုင်၊ ကျောက်မြောင်းအနီး ၊ဧရာဝတီမြစ်ဘေးရှိမခေါက်ရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူအင်အား ၅၀ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ) ပြောက်ကျားတပ်ဖွဲ့​က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။