Connect with us

Hi, what are you looking for?

သတင်း

မြိုင် – ပခုက္ကူလမ်းပိုင်း ရဟန်းသံဃာများဖြတ်သန်းသွားလာခြင်း ခေတ္တရပ်ဆိုင်း ပေးရန် မြိုင်(ပကဖ) လျှောက်ထား

သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်

(မြိုင် - ပခုက္ကူလမ်းတွင် PDFအဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဥ်)
(မြိုင် - ပခုက္ကူလမ်းတွင် PDFအဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဥ်)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းအား ရဟန်းသံဃာများ ဖြတ်သန်း သွားလာခြင်းမပြုပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြိုင်က လျှောက်ထားတင်​ပြသည်။

မြိုင်(ပကဖ)က ယနေ့ (သြဂုတ် ၄ရက်)ညပိုင်းတွင် အရေးပေါ်သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သည် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာတွင် ရဟန်းသံဃာ အယောင်ဆောင်များဖြင့် ဝင်ရောက်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း၊ PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည် စသည့်စကားရပ်များဖြင့် ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပကဖ)၏ ထုတ်ပြန်ချက်တွင် အသိပေးသည်။

သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများလည်း ကူညီသည့်အနေဖြင့် လိုက်နာပေးပါရန် မြိုင်(ပကဖ)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။