Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ​Danger Force LPDF အဖွဲ့ထံ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ​သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - သပြေညို)
(စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ​သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - သပြေညို)

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တန်းများအား တစ်ရက်တည်း သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Danger Force LPDFအဖွဲ့က ထုတ်ပြန်သည်။

သြဂုတ် ၅ရက် နံနက် ၃နာရီခွဲက မုံရွာမှ အရာတော်မြို့သို့ လာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ထောက်ပို့ယာဥ်အကြီး (၆) စီးအား မုံရွာ – အရာတော်လမ်းမပေါ်ရှိ ပင်လုံဆီဆိုင် အနီးတွင် စလစ်မိုင်း (၃)လုံး တူမီးရှေ့ထွက်ကြီး (၂)လုံးဖြင့် ဒေသတွင်းPDFများက မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ရာ (၄)စီးမြောက်ယာဥ်အား ထိမှန်ခဲ့ပြီး ယာဥ်ပေါ်ရှိ စစ်ကောင်စီ တပ်သားများ ဒဏ်ရာအများအပြားရရှိပြီး သေဆုံးမှုများရှိနိုင်ကြောင်း Danger Force LPDFက အသိပေးသည်။

(စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ​သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - သပြေညို)
(စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ​သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – သပြေညို)

နံနက် ၈နာရီခန့်တွင်လည်း အရာတော်မြို့ မှ ကင်းပုန်းချရန်ထွက်လာသွားသော (၆)ဘီးယာဥ် တစ်စီးအား ကမ်းဖြူရွာနှင့်တုံးတင်ကန်ရွာအကြားတွင် နည်းပညာ​မြှင့်တင်ကာထုတ်လုပ်ထားသော M40 နှစ်ကပ်ဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် ယာဥ်ဘေးတစ်ခြမ်းနှင့် နောက်ခြမ်းထိခိုက်ပျက်စီးခဲ့ပြီး ယာဥ်ပေါ်ရှိ စစ်ကောင်စီ တပ်သားများ ဒဏ်ရာရအများပြားရရှိပြီး သေဆုံးမှု များရှိနိုင်ကြောင်း Danger Force LPDFက အသိပေးသည်။

ထိုနေ့ သြဂုတ် ၅ရက် မွန်းလွဲ ၁နာရီခွဲခန့်ကလည်း ကင်းပုန်းဝပ်ပြီး၍ အရာတော် မြို့သို့ပြန်လာသော (၁၀) ဘီးတစ်ယာဥ်စီးအား ပင်လုံဆီဆိုင်၏အရှေ့ဘက်တွင် နည်းပညာမြှင့်ကာထုတ်လုပ်ထားသော ကျောက်မိုင်းအကြီး တစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် ယာဥ်ဘေးတစ်ခြမ်းထိခိုက်ပျက်စီးခဲ့ပြီး ယာဥ်ပေါ်ရှိ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း၊ ယင်းယာဥ်ပေါ်မှ လိုက်ပါလာသော ကင်းပုန်းများသည် အကြောင်းမဲ့ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း Danger Force LPDFက ပြောသည်။

ထိုစစ်ဆင်ရေးများကို Danger Force LPDF ၊ ပတ္တမြားညီနောင် ပြောက်ကျား တပ်ဖွဲ့ ၊ မိုင်းမင်းသားအဖွဲ့ တို့မှ ဦးဆောင်၍ MRTF ၊ သပြေညို ပြောက်ကျား တပ်ဖွဲ့၊ Ayadaw Falcon Force(AF2)၊ Ayadaw Bone Naing (ABN-PDF)၊ AMT မြေပြင်ပြောက်ကျား တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးသည်။

ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ​Danger Force LPDF အဖွဲ့ထံ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ် ၃ရက်နံနက် ၈နာရီခန့်ကလ​ည်း အရာတော်မှ မုံရွာမြို့သို့ လာသော စစ်ကောင်စီတပ်များလိုက်ပါလာသည့် ယာဥ်တစ်စီးအား အရာတော်မြို့နှင့် ကမ်းဖြူရွာအကြားတွင် စလစ်မိုင်း(၃)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားဘေးတစ်ခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်များ ဒဏ်ရာအများပြားရရှိနိုင်ကြောင်း Danger Force LPDFက အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။