Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်း တစ်ခုကို KIA/PDFတိုက်ခိုက် သိမ်းပိုက်

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)
(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)

●လက်နက်ကြီး၊လက်နက်ငယ်၊ စနှိုက်ပါအပါအဝင်လက်နက်မျိုးစုံ ၁၁ လက်နှင့်ခဲယမ်းများစွာသိမ်းဆည်းရရှိ၊ တိုက်ပွဲဆက်ပြင်းထန်နေဆဲဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီ ပြည်သူ့စစ်(SNA) တပ်စခန်း တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဒေသခံ အချို့ကပြောသည်။

“သိမ်းတော့ သိမ်းလိုက်ပြီ။ စခန်း ၂ခု တစ်ပြိုင်တည်း ဝင်တိုက်တာ။ တော်တော်လေး ကျတယ်လို့လည်း ကြားတယ်။ SNA တွေ ပါတယ်။ အခုက ပေါင်းထိုင်ကြတာ ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့” ဟု ကချင်ဒေသခံက ပြောသည်။

(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)
(KIA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNG)

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ရှိ အဆိုပါ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၂ ခုကို ယနေ့မနက်အ​စောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယခု အချိန်ထိ တိုက်ပွဲ ဆက်ဖြစ်နေကြောင်း PDFနှင့် နီးစပ်သည့် စစ်ကိုင်းတိုင်း ဒေသခံ တစ်ဦးက ပြောသည်။

“ရှမ်းနီ SNA စခန်းရယ်၊ စစ်ကောင်စီ စခန်းရယ် စခန်း ၂ခုကို ဒီ မနက် ၁နာရီက စသိမ်းတာပေါ့။ ဒါပေမဲ့ တိုက်ပွဲကတော့ လက်ရှိ အချိန်ထိ ပြင်းထန်နေတုန်းပဲ။ ကျဆုံးတာကတော့ နှစ်ဖက်အကျဆုံးရှိနေတယ်။ ဒါပေမဲ့ အတိအကျတော့ မသိသေးဘူး။” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်း များ သိမ်းဆည်းရမိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ စစ်တပ်နှင့် ရှမ်းနီတပ်မှ ၂၀ ​ကျော်​သေဆုံး​ကြောင်စလည်းကနဦးသတင်းရရှိသည်။

စစ်​ကောင်စီတပ်စခန်းတွင်ခြေမြန်တပ်ရင်း(ခမရ) ၁၁၉ တပ်ရင်း၊ပုသိမ် ကြီး ၊ တမ ၃၃ တပ်ရင်းတို့အထိုင်ချ​ခဲ့ခြင်းဖြစ်​ကြောင်းလည်းသိရသည်။

ယ​နေ့ (ဩဂုတ် ၈ရက်) နံနက် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းမှ ၆၀ မမ စိန် ပြောင်း ( အရှည် ) – ၁ လက် ၊ RPG – 1 လက် ၊ sniper – ၁ လက် ၊ MA 1 – 1 လက် ၊ MA 2 – ၁ လက် ၊ အတို -၁လက် ရရှိခဲ့ပြီး SNA စခန်း က M22 -၃ လက် ၊ M23 ( စက် လက် ) -၁ လက် ၊ M၁၆ – ၁ လက် ၊ စုစု ပေါင်း လက်နက်မျိုးစုံ ၁၁ လက် နှင့် ကျည်ဆံ ၊ ဗုံး သီး ၊ စစ် အသုံး အဆောင် အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဆယ်ဇင်းဒေသတွင် ဇူလိုင် လကတည်းက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်သားတွေက KIA၊KPDF ယူနီဖောင်းတွေဝတ်လာလို့ ဒေသခံတွေသတိပြုကြဖို့ သတိပေးနေကြပါတယ်။