Connect with us

Hi, what are you looking for?

သတင်း

မုံရွာ PDFစခန်းစီးနင်းခံရမှု God Of Snake အဖွဲ့မှ ရဲဘော် သုံးဦးကျဆုံး

ဩဂုတ် ၈ရက် နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသော အင်အား(၄၀)ပါ စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတစ်ယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပြေပင်စုကျေးရွာရှိ God Of Snake ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၏ စခန်း စီးနင်းခံရမှုတွင် ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၈ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သည် God Of Snake စခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ အဖွဲ့မှ ရဲဘော် ကိုဖတ်တီး၊ ရဲဘော် ကိုသွေးကြောနှင့် ရဲဘော်ကိုဒေးဗစ်တို့ ကျဆုံးခဲ့ကြောင်း God Of Snake အဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ် ၈ရက် နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသော အင်အား(၄၀)ပါ စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတစ်ယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

ထို့နောက် ကိုင်းတောရွာမှတဆင့် သပြေပင်စုရွာသို့ ရောက်ရှိလာပြီး သပြေပင်စု ရွာ အရှေ့ဘက် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ PDF အဖွဲ့ဝင်များနှင့် ကိုက် ၂၀၀အကွာတွင် အပြန်အလှန် ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်း မှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က (၄၀)မမ သုံးလုံး ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး စခန်းကို မီးရှို့ပြီး ဘေးနားရှိ တောတဲများကိုလည်း မီးရှို့သွားခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူပါ လက်ထိပ်ခတ်ခံ ထားရသော အမျိုးသားနှစ်ဦးနှင့် ရွာရှိဧည့်သည်တစ်ဦး စုစုပေါင်း အမျိုးသား သုံးဦးအား ခေါင်းများကို ကွဲထွက်သည်ထိ ရိုက်နှက်ကာ သတ်ဖြတ်ထားပြီး အလောင်းများအား အကျအန မြေမြုပ် ဖုံးဖိထားခဲ့ ကြကြောင်း ထပ်မံ အသိပေးသည်။

ထိုရိုက်နှက်သတ်ဖြတ်ခံရသည့် သုံးဦးသည် GOSအဖွဲ့၏ ရဲဘော် ၃ ဦးဖြစ်နေခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား ရေးနှင့် Cj

ထိုနောက် အကြမ်းဖက် စစ်ကောင်စီတပ်သည် စခန်းမှလက်လုပ်သေနတ်များ၊ မိုင်း အလုံး ၂၀၀၊ သပြေပင်စု ရွာထဲမှ ဆန်အိတ်များ ၊ဆိုင်ကယ် (၈)စီး၊ ဆိုလာပြားများ၊ အဝတ်အိတ်များ၊ ဂစ်တာတစ်လုံးနှင့် အကြမ်းဖက်လုယူကာ ပြန်လည်ထွက်ခွာသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

ကျန်ရစ်သူမိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း၊ ကျဆုံးရဲဘော်များ၏ စွန့်လွှတ်ပေး ဆပ်မှုအတိုင်း အာဏာရှင်စနစ် အမြစ်ပြတ် ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း God Of Snake က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။