Connect with us

Hi, what are you looking for?

သတင်း

ကရင့်အာဇာနည်တွေရဲ့လမ်းစဥ်တွေအတိုင်းမားမားမတ်မတ်ရပ်ကြဖို့ KNLA တိုက်တွန်း

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရလျက် မိမိတို့ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ထားပေးတဲ့ ဆုံးဖြတ်ချက်၊ ပြဌာန်းချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စွမ်းစွမ်းတမံလိုက်နာလုပ်ဆောင်သွားကြဖို့ KNLA က အသိပေးမှာကြားလိုက်ပါတယ်။

KNLA
KNLA

ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းချပေးထားခဲ့တဲ့ လမ်းစဉ်တွေအပေါ်မှာ မားမားမတ်မတ်ရပ်တည်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

လာမယ့် ဩဂုတ်(၁၂)ရက်မှာကျရောက်မယ့် (၇၂)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီသဝဏ်လွှာထဲမှာ KNLA က ပြည်သူလူထုအပါအဝင် ခေါင်းဆောင်တွေ ရဲဘော်တွေကို တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်ပါတယ်။

KNLA
KNLA

ပြည်သူလူထုတွေ၊ ခေါင်းဆောင်ရဲဘော်တွေအနေနဲ့ မိမိတို့အသီးသီး ကိုယ်စီကိုယ်ငှ ထမ်းရွက်ရမယ့်တာဝန်တွေရှိထားတဲ့အလျောက် အထက်တာဝန်ရှိခေါင်းဆောင်တွေရဲ့ အစီအစဉ်၊ ညွှန်ကြားချက်တွေကို စောင့်ကြည့်နားထောင်ပြီး ဥက္ကဌစောဘဦးကြီးနဲ့တကွ ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းချပေးထားခဲ့တဲ့ မိမိတို့ရဲ့လမ်းစဉ်လုပ်ငန်းစဉ်တွေအပေါ်မှာ မားမားမတ်မတ်ရပ်တည်ကြဖို့ KNLA က တိုက်တွန်းထားပါ။

ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း(၇၃)နှစ်ရှိခဲ့ပြီးဖြစ်ပြီး ကရင့်အာဇာနည်နေ့ဟာလည်း နှစ်ပေါင်း(၇၂)နှစ်ရှိခဲ့ပြီးဖြစ်ပေမယ့် ယနေ့အထိတိုင် မိမိတို့ရဲ့တော်လှန်ရေးအပေါ် ပြည်သူလူထုက အားပေးထောက်ခံမှုတွေရှိနေဆဲဖြစ်ပြီး ကရင့်တော်လှန်ရေးခေါင်းဆောင်တွေ၊ ရဲဘော်တွေအနေနဲ့ လူထုဆန့်ကျင်ရေးလုပ်ရပ်မှန်သမျှကို ရှောင်ရှားကြရမှာဖြစ်တယ်လို့ KNLA က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

KNLA
KNLA

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရလျက် မိမိတို့ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ထားပေးတဲ့ ဆုံးဖြတ်ချက်၊ ပြဌာန်းချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စွမ်းစွမ်းတမံလိုက်နာလုပ်ဆောင်သွားကြဖို့ KNLA က အသိပေးမှာကြားလိုက်ပါတယ်။

ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနဲ့တကွ အာဇာနည်ပီပီ အသက်စွန့်ပေးလှူသွားကြတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေ၊ ပြည်သူလူထုတွေရဲ့ ခရီးလမ်းဟာ မဆုံးသေးသလို ရှေ့ဆက်ပြီးတော့လည်း မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်တွေကိုလည်း ဆက်လက်ထမ်းရွက်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။