Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းမကြီးတွင် စစ်ကောင်စီတပ် ဆီဘောက်ဆာယာဉ်များ တိုက်ခိုက်ခံရ၊ တစ်စီးလမ်း​ဘေးထိုးလဲသွား

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်တန်းသည် တစ်မိုင်ခန့်သွားအပြီး စိုင်နိုင်လေးရွာအနီးတွင် ဆီဘောက်ဆာတစ်စီးထိုးလဲသွားကာ လုံးဝရပ်တန့်သွားခဲ့ကြောင်း Shwebo Defense Force(SBDF)က အသိပေးသည်။

ရွှေဘို - မန္တလေးလမ်းမကြီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ
ရွှေဘို - မန္တလေးလမ်းမကြီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ပောင်စီတပ်​၏ ဆီဘောက်ဆာယာဥ်များတိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်ကာ ယနေ့နံနက်ပိုင်းအထိ သယ်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ်၁၀ရက်) ညနေ ၄ နာရီခွဲအချိန်က ရွှေဘို-မန္တလေးလမ်းပေါ်တွင် စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ရွှေဘိုမြို့သို့ထွက်ခွာလာသည့် လေယာဥ်ဆီတင် ဆီ​ဘောက်ဆာကားလေးစီး၊ ခြောက်ဘီးကားတစ်စီးနှင့် ဆယ့်နှစ်ဘီးကားတစ်စီးပါဝင်သော စစ်ကောင်စီယာဥ်တန်းအား စိုင်နိုင်ကွေ့တောင်ဘက်ကစပြီး မဟာမိတ်ငါးဖွဲ့က တစ်ဖွဲ့ပြီးတစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်တန်းသည် တစ်မိုင်ခန့်သွားအပြီး စိုင်နိုင်လေးရွာအနီးတွင် ဆီဘောက်ဆာတစ်စီးထိုးလဲသွားကာ လုံးဝရပ်တန့်သွားခဲ့ကြောင်း Shwebo Defense Force(SBDF)က အသိပေးသည်။

Public Service Announcement
Public Service Announcement

ပဒေသာမိုင်းအလုံး ၁၀၀ခန့်သုံးကာ တိုက်ခိုက်ခဲ့ကြကြောင်း ယခုအခါထိုနေရာသို့ စစ်ကောင်စီတပ်သား ၁၀၀ကျော်နှင့် ကရိန်းကားတစ်စီး ရောက် ရှိလာပြီး ထိခိုက်ပျက်စီးမှုများ၊ သေဆုံးသူများ၊ မိုင်းများကိုရှင်းလင်းရန် ရောက်ရှိလာခဲ့ကြောင်း Shwebo Defense Force(SBDF)က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ည ၁၀ နာရီခန့်က အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်သည် ကရိန်းကားတစ်စီး၊ အိမ်စီးကားလေး(၂)စီးဖြင့် ထပ်မံရောက်ရှိလာကာ လဲနေသည့် ဆီဘောက်ဆာကားကြီးကိုထောင်ရန် လာရောက်ခဲ့ကြောင်း၊ သို့သော် ကရိန်းကားမှာသေးနေသောကြောင့် ဆီဘောက်ဆာကားကြီးကို မထောင်နိုင်သဖြင့် မြို့ထဲဘက်သို့ပြန်မောင်းဝင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်စဉ်နဲ့စကစ တွေပုံစံကိုကြည့်ရတာ ဆီဘောက်ဆာကားကြီးက ဆီကားမဟုတ်လောက်ဘူးလို့ ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့ထားပါတယ်ခင်ဗျ။ ယနေ့မနက် အစောကြီးထဲက စခနဲ့ ရခတွေ အင်အား(၂၀)ကျော်လောက် စိုင်နိုင်လေးရွာတောင်ဘက် မိုးကောင်းကင် စကစက်သုံးဆီအရောင်းဆိုင်နားကိုရောက်နေတယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာများကိုလည်း မထင်ရင်မထင်သလို စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ မနေ့ညကလည်း ​ခတွေ မပြန်ဘဲ ကင်းပုန်းဝတ်နေကြကြောင်း သိရှိရပါတယ်။”ဟု ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

အဆိုပါ ယာဉ်တန်းများကိုတိုက်ခိုက်သည့် Tiger King အဖွဲ့ကလည်း တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ၂ဖွဲ့ခွဲကာ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးတောင်ထိပ်နှင့် မြောက်ဘက်ထိပ်တွင်ပတ်ဝန်းကျင်ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထိုစစ်ဆင်ရေးအား Shwebo Defense Force(SBDF)နှင့် Ghost Rider Special Task Force(GRSTF)၊ ရွှေဘိုခရိုင် တပ်ရင်း၂၃ တပ်ခွဲ၁၊ သိဒ္ဓိရှင် တိုက်နယ် ပ.က.ဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Daung ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းတွင် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများသည် ည၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်၊ ကားများကိုမှန်ချမောင်းနှင်ရန်၊ အကြမ်းဖက်စစ်ကားများနှင့် ဝေးဝေးနေကြရန် အထူးမေတ္တာရပ်ခံကြောင်း SBDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။