Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်
အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ဂျပန်အောက်လွှတ်တော်အမတ်သည် စစ်တပ်၏တရားမဝင် အာဏာသိမ်းမှု အပြီး ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ယမန်နေ့(ဩဂုတ် ၁၁ ရက်)တွင် တွေ့ဆုံခဲ့သည်။

လက်ရှိအာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဟီရိုမီချိဝါတနာဘီ နှင့် မင်းအောင်လှိုင်တို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရေးတို့ကိုဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ရုပ်သံက ထုတ်လွှင့်သည်။

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ ပြောက်ကျား သပိတ် သတင်းယူနေသည့် အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသားကိုဖမ်းဆီးခဲ့ပြီး ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ထားသည်။ အထက်ပါလွှတ်တော်အမတ်၏ ခရီးစဉ်သည် အဆိုပါဂျပန်လူငယ်ဖမ်းဆီးခံထားရမှုနှင့် သက် ဆိုင်ခြင်းရှိ၊ မရှိ မသိရပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဟီဒိုဝါတနာဘီသည် အာဏာသိမ်းမှုအပြီး မြန်မာသို့ ကြိမ်ဖန်များစွာ လာရောက်ပြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဟီဒိုဝါတနာဘီသည် ဂျပန်-မြန်မာအသင်း၏ လက်ရှိ ဥက္ကဌဖြစ်သည်။ ဂျပန်-မြန်မာအသင်းသည် အစိုးရနှင့် သက်ဆိုင်ခြင်းမရှိဘဲ တိုကျိုနှင့် ရန်ကုန်၌ ရုံးများဖွင့်လှစ်ထားသည်။

ဂျပန်ရောက်မြန်မာများက ဂျပန်အစိုးရကို အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ခြင်းမပြုရန်၊ လက်ရှိဆက်ဆံမှုများကို ဖြတ်တောက်ရန်၊ ပိတ်ဆို့အရေးယူမှုပြုလုပ်ရန် တောင်းဆိုထားသည်။

ကိုးကား – Nikkei Asia

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။