Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်
အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ဂျပန်အောက်လွှတ်တော်အမတ်သည် စစ်တပ်၏တရားမဝင် အာဏာသိမ်းမှု အပြီး ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ယမန်နေ့(ဩဂုတ် ၁၁ ရက်)တွင် တွေ့ဆုံခဲ့သည်။

လက်ရှိအာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဟီရိုမီချိဝါတနာဘီ နှင့် မင်းအောင်လှိုင်တို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရေးတို့ကိုဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ရုပ်သံက ထုတ်လွှင့်သည်။

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ ပြောက်ကျား သပိတ် သတင်းယူနေသည့် အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသားကိုဖမ်းဆီးခဲ့ပြီး ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ထားသည်။ အထက်ပါလွှတ်တော်အမတ်၏ ခရီးစဉ်သည် အဆိုပါဂျပန်လူငယ်ဖမ်းဆီးခံထားရမှုနှင့် သက် ဆိုင်ခြင်းရှိ၊ မရှိ မသိရပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဟီဒိုဝါတနာဘီသည် အာဏာသိမ်းမှုအပြီး မြန်မာသို့ ကြိမ်ဖန်များစွာ လာရောက်ပြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဟီဒိုဝါတနာဘီသည် ဂျပန်-မြန်မာအသင်း၏ လက်ရှိ ဥက္ကဌဖြစ်သည်။ ဂျပန်-မြန်မာအသင်းသည် အစိုးရနှင့် သက်ဆိုင်ခြင်းမရှိဘဲ တိုကျိုနှင့် ရန်ကုန်၌ ရုံးများဖွင့်လှစ်ထားသည်။

ဂျပန်ရောက်မြန်မာများက ဂျပန်အစိုးရကို အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ခြင်းမပြုရန်၊ လက်ရှိဆက်ဆံမှုများကို ဖြတ်တောက်ရန်၊ ပိတ်ဆို့အရေးယူမှုပြုလုပ်ရန် တောင်းဆိုထားသည်။

ကိုးကား – Nikkei Asia

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။