အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည် ရန်ကုန်တိုင်း သံလျင်မြို့ ထမလုံ ရပ်ကွက်ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ပုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Soul Takers- Yangon Underground Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ထိခိုက်မှုကတော့ ရှိမယ်။လက်ပစ်ဗုံး ပစ်သွင်းတာလည်းအောင်မြင်တယ်။ အထဲမှာပဲ ပေါက်ကွဲသံလည်းကြားခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
ဩဂုတ် ၁၂ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပစ်ခတ်မှုများ ရှိသောကြောင့် အထိအခိုက်စာရင်းကို အတည်မပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိသော်လည်း ၎င်းတို့အဖွဲ့သားများ အားလုံး လုံခြုံသည့်နေရာသို့ရောက်ရှိပြီဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Soul Talker အဖွဲ့သည် ဩဂုတ် ၁၀ ရက်ညကလည်း စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများ ရပ်နားသည့် ဦးပိုင်ဟိုတယ်ဝန်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့သည်။


















































