Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သန်လျင်မြို့ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

“ထိခိုက်မှုကတော့ ရှိမယ်။လက်ပစ်ဗုံး ပစ်သွင်းတာလည်းအောင်မြင်တယ်။ အထဲမှာပဲ ပေါက်ကွဲသံလည်းကြားခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

သန်လျင်မြို့ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
သန်လျင်မြို့ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည် ရန်ကုန်တိုင်း သံလျင်မြို့ ထမလုံ ရပ်ကွက်ရှိ ဆက်သွယ်ရေးရုံးကို လက်ပစ်ပုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Soul Takers- Yangon Underground Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထိခိုက်မှုကတော့ ရှိမယ်။လက်ပစ်ဗုံး ပစ်သွင်းတာလည်းအောင်မြင်တယ်။ အထဲမှာပဲ ပေါက်ကွဲသံလည်းကြားခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၂ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပစ်ခတ်မှုများ ရှိသောကြောင့် အထိအခိုက်စာရင်းကို အတည်မပြုနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိသော်လည်း ၎င်းတို့အဖွဲ့သားများ အားလုံး လုံခြုံသည့်နေရာသို့ရောက်ရှိပြီဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Soul Talker အဖွဲ့သည် ဩဂုတ် ၁၀ ရက်ညကလည်း စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများ ရပ်နားသည့် ဦးပိုင်ဟိုတယ်ဝန်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။