Connect with us

Hi, what are you looking for?

သတင်း

CNDF ၏၂လကြာ အထူးကွန်မန်ဒိုသင်တန်းတွင် စစ်ရေး၊ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပို့ချ

သင်တန်းသားများကလည်း ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - CNO
ဓာတ်ပုံ - CNO

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၏ အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့(ဩဂုတ် ၁၃ရက်)နံနက်က ကျင်းပခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ထုတ်ပြန်သည်။

အဆိုပါ သင်တန်းကို ဇွန်လ ၂၀ရက်မှ စတင်ခဲ့ပြီး အမျိုးသမီး(၉)ဦး၊ အမျိုးသား(၃၆)ဦး သင်တန်းသားစုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်ဟုဆိုသည်။

၂လကြာမြင့်သည့် သင်တန်းကာလအတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏လမ်းစဉ်၊ ဂျီနီဗာကွန်ဗင်းရှင်း၊ မြို့တွင်းတိုက်စစ် ချေမှုန်းရေးလက်တွေ့၊ စစ်ရေးပြ၊ စစ်ရေးဗျူဟာ၊ လက်တွေ့လက်နက်ငယ်ပစ်ခတ်ခြင်း၊ ပြောက်ကြား စစ်နည်းဗျူဟာများ၊ နိုင်ငံရေးအခြေခံအသိပညာပေးဟောပြော၊ အမျိုးသားနိုင်ငံရေးဦးတည်ချက်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်၊ ကရာတေး၊ ရှေးဦးသူနာပြုစုနည်းနှင့် ရာထူးအလိုက် တာဝန်ဝတ္တရားများကို သင်ကြားပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - CNO
ဓာတ်ပုံ – CNO

ယနေ့ သင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Salai William Chin မှ အဖွင့်အမှာစကားပြောကြားပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Salai Peter Thang မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - CNO
ဓာတ်ပုံ – CNO

သင်တန်းသားများကလည်း ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook