Connect with us

Hi, what are you looking for?

သတင်း

ရင်ပေါင်တိုင်တိုက်ပွဲ စစ်ကောင်စီတပ်အင်အား ဖြည့်တင်းနေ

“ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

ယင်းမာပင်မြို့နယ်ရှိ ရင်ပေါင်တိုင်ကျေးရွာတိုက်ပွဲကို ကူရန်အတွက် စစ်ကောင်စီတပ်က ကလေးမြို့မှတစ်ဆင့် အင်အားအများအပြား ဖြည့်တင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ရင်ပေါင်တိုင်ရွာတွင် သြဂုတ် ၁၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ဆက်လက်ဖြစ်နေပြီး အင်အားဖြည့်တင်းရန်အတွက် ကလေးမြို့မှတစ်ဆင့် စစ်ကောင်စီတပ်သားအများအပြား ပို့ဆောင်နေသည်ဟု ကလေးမြို့ခံများက ပြောသည်။

“ကလေးလေဆိပ်ကို လေယာဥ်တွေ တစ်နေ့ငါးစီး ခြောက်စီးအထိဆင်းတယ်။ ကလေး၊ ဂန့်ဂေါဘက်ကို အများကြီး ပို့နေတယ်။ ကျွန်တော်တို့ သိသလောက် ရင်ပေါင်တိုင်ကနေ ရဲဘော်တွေ(PDFနှင့် မဟာမိတ်များ) ပုံတောင်၊ ပုံညာကတဆင့် ထွက် လာရင် စောင့်ဖို့လို့ ကြားနေရတယ်”ဟု ကလေးမြိုခံတစ်ဦးကပြောသည်။

ယင်းမာပင်နယ်မှတစ်ဆင့် ပုံတောင်၊ပုံညာတောင်ကို ဖြတ်ကျော်ပါက ကလေး-ဂန့်ဂေါနယ်စပ်သို့ ရောက်ရှိ၍ စစ်ကောင်စီက ကြိုတင်နေရာယူထား​ခြင်းဟု ဒေသခံများက သုံးသပ်နေသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၂ရက် ညနေက ကလေးမြို့ လေဆိပ်သို့ စစ်ကောင်စီလေယာဥ်အသေးနှစ်စင်း(ဒေသခံများက VIP လေယာဥ်ဟုဆိုသည်) ဆင်းသက်ခဲ့သည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရင်ပေါင်တိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook