Connect with us

Hi, what are you looking for?

သတင်း

ဒေါပုံမြို့ ဂျပန်တံတားအနီး ရာဇသင်္ကြန်လမ်းတွင် မီးလောင်မှုဖြစ်

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ရာဇသင်္ကြန်လမ်းတွင် ယနေ့ (သြဂုတ် ၁၄) ည ၁၁ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယနေ့ည ၁၁ နာရီ ၂၀ မိနစ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊သာကေတမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရှင်သန်ရေးပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီခွဲကျော်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

“ရာဇသင်္ကြန်လမ်းထဲက တိုက်ခန်းလောင်တာလို့တော့ သိရတယ်။ မီးညွန့်တော်တော်များတယ်။ သာကေတဘက်က လူတွေတောင် မီးလောင်နေတာ မြင်ရတယ် ဆိုပြီး လှမ်းမေးကြတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လောင်တဲ့အိမ်တော့ ပျက် စီးပေမယ့် လူထိခိုက်မှုမရှိဘူးလို့တော့ သိရပါတယ်”ဟု ဒေါပုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမူ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။