Connect with us

Hi, what are you looking for?

သတင်း

ရိခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် ချင်းပူးပေါင်းတပ်အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် CDF – ဟွာလ်းငိုးရမ်အဖွဲ့ကို CNOနှင့်ZFUသတိပေး

ZFU/PDF Zoland သည် တော်လှန်ရေး အကြောင်းပြု၍ အုပ်ချုပ်ရေးနယ်မြေတစ်ခုအား တရားမဝင် သတ်မှတ် ရယူလိုသည့် အပြုအမူများအား လုံးဝ (လုံးဝ) လက်ခံနိုင်မည်မဟုတ်ဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ချင်း​ပူး​ပေါင်းအဖွဲ့များက ရိခေါ်ဒါမြို့နယ်၊ဟိုင်မွန်းရွာသစ် အနီးရှိ စစ်ကောင်စီတပ်စခန်းအားသြဂုတ်၁ ရက်ကတိုက်ခိုက်ခဲ့စဥ် ဓါတ်ပုံ-PDF Zoland
ချင်း​ပူး​ပေါင်းအဖွဲ့များက ရိခေါ်ဒါမြို့နယ်၊ဟိုင်မွန်းရွာသစ် အနီးရှိ စစ်ကောင်စီတပ်စခန်းအားသြဂုတ်၁ ရက်ကတိုက်ခိုက်ခဲ့စဥ် ဓါတ်ပုံ-PDF Zoland

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ ဟိုင်မွန်းရွာသစ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာလ်းငိုးရမ် အဖွဲ့အား ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland) တို့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့များဖြစ်ကြသော ZFU/PDF Zoland၊ Mountain Eagle Defence Force (MEDF)၊ CDF CDM – Siyin၊ Chin National Defense Force (CNDF) တို့ ပူးပေါင်း၍ဟိုင်မွန်းရွာသစ် အနီးရှိ စစ်ကောင်စီတပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၈ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ရိခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် ချင်းပူးပေါင်းတပ်အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် CDF - ဟွာလ်းငိုးရမ်အဖွဲ့ကို CNOနှင့်ZFUသတိပေး
ရိခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် ချင်းပူးပေါင်းတပ်အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် CDF – ဟွာလ်းငိုးရမ်အဖွဲ့ကို CNOနှင့်ZFUသတိပေး

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကိစ္စနှင့်ပတ်သက်၍ CDF – Hualngoram (ဟွာလ်းငိုးရမ်)က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး စစ်ရေးအရ အရေးယူမည်ဟု စာထုတ်ပြန်ကြေညာခဲ့သည့်အပေါ် ZFU/PDF Zoand က ယနေ့ သဘောထား ထုတ်ပြန်ခဲ့ရာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေးအပေါ် ယခုကဲ့သို့ ပြစ်တင်ရှုတ်ချခြင်းသည် တော်လှန်ရေးအမည်ခံ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအနေဖြင့် မလုပ်သင့်သည့် အပြုအမူ ဖြစ်သည်ဟု ဖော်ပြသည်။

တော်လှန်ရေးအမည်ခံ CDF – Hualngoram အနေဖြင့် ခရီးသွားပြည်သူများထံမှ ဆက်ကြေးများ အဆမတန် ကောက်ခံလျက်ရှိ နေကြောင်း ZFUက ထုတ်ပြန်ခဲ့ပြီး တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ထိုသို့ လုပ်ဆောင်ခြင်းကို အမြန်ရပ်တန့်ရန် သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ရိခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် ချင်းပူးပေါင်းတပ်အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် CDF - ဟွာလ်းငိုးရမ်အဖွဲ့ကို CNOနှင့်ZFUသတိပေး
ရိခေါ်ဒါရ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သည့် ချင်းပူးပေါင်းတပ်အား စစ်ရေးအရ အရေးယူမည်ဟု ကြေညာခဲ့သည့် CDF – ဟွာလ်းငိုးရမ်အဖွဲ့ကို CNOနှင့်ZFUသတိပေး

ZFU/PDF Zoland သည် တော်လှန်ရေး အကြောင်းပြု၍ အုပ်ချုပ်ရေးနယ်မြေတစ်ခုအား တရားမဝင် သတ်မှတ် ရယူလိုသည့် အပြုအမူများအား လုံးဝ (လုံးဝ) လက်ခံနိုင်မည်မဟုတ်ဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဩဂုတ် ၁၃ရက် ကြေညာချက်တွင်လည်း တီးတိန်မြို့နယ်အတွင်း ဒေသခံတော်လှန်ခြင်း သို့မဟုတ် အာဏာရှင်ကိုတော်လှန်ခြင်းမျိုးမဟုတ်ပဲ မျိုးနွယ်စုများအကြားခွဲခြား၍ နယ်မြေလက်ဦးမှုရယူခြင်း၊ ဆက်ကြေးကောက်ခံခြင်းများအား တွေ့ရှိရ၍ အမြန်ဆုံးရပ်တန့်ပါရန် အကြောင်းကြားကြောင်း ဖော်ပြထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ကလည်း ယနေ့ညပိုင်း၌ CDF-ဟွာလ်းငိုးရမ် အဖွဲ့နှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ခဲ့ရာ ရိခေါ်ဒါရ်မြို့ရှိ ပြည်သူလူထုအား ဒုက္ခရောက်၊ စိတ်အနှောက်အယှက်ဖြစ်စေမည့် အပြုအမူများအား တချို့သော လက်နက်ကိုင်အဖွဲ့မှ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

HPO/CDF-Hualngoram ဆိုသူများ အနေဖြင့်ပြည်သူလူထု၏ ဆန္ဒအား အလေးမထားဘဲ အာဏာရှင်ဆန်ဆန် အထိန့်တလန့် ဖြစ်စေမည့် ထုတ်ပြန်ချက်မျိူးစုံ ထုတ်ပြန်နေပြီး ညီနောင် ပူးပေါင်းကာကွယ်တပ်ဖွဲ့များနှင့် စည်းရုံးရေးပျက်ပြားကာ သွေးကွဲစေမည့် ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားသည်ကို ဝမ်းနည်းစွာတွေ့ရကြောင်း၊ CNO/CNDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းမည့် မည့်သည့် အဖွဲ့အစည်းနှင့်မဆို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူလူထုများကို ဒုက္ခရောက်၊ ကြောက်ရွံ့ထိတ်လန့်စေမည့် အပြုအမူမျိုးကို ပြုလုပ်သည့် အကြမ်းဖက်စစ်ကောင်စီအပါအဝင် မည်သည့်အဖွဲ့အစည်းကိုမဆို ရရာလက်နက်ဆွဲကိုင် တိုက်ထုတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခင် CNO/CNDF မှ ကြေညာချက်ထုတ်ပြန်ထားသည့်အတိုင်း ဖလမ်းမြို့နယ်အတွင်း အခြား လက်နက်ကိုင်အဖွဲ့အစည်းမရှိရန်နှင့် မိမိတို့နယ်မြေအတွင်း CNO/CNDF ၏ သဘောတူညီချက်မပါဘဲ စစ်ဆင်ရေးပြုလုပ်ခြင်း၊ ပြည်သူ

လူထုများအား ကြောက်ရွံ့ထိတ်လန့်စေမည့် မည်သည့်အပြုအမူမဆို ရှောင်ရှားကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။