Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ

တော်လှန်ရေး၏ အနှောင့်အယှက်များဖြစ်သောဒလန် နှင့် ပျူစောထီးများ၏ နာမည်၊ အိမ် နေ ရပ်လိပ်စာ အတိအကျကို ဆက်သွယ်တိုင်တန်း စာပို့ထားနိုင်ကြောင်းလည်း အဆိုပါ အင်အားစုက အသိပေးသည်။

မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ
မတ္တရာနယ်မှ ပျူခေါင်းဆောင်ကို ရှင်းလင်း၊ သေနတ်နှင့် လက်ပစ်ဗုံးသိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည် ကျေးရွာမှ ပျုစောထီးခေါင်းဆောင်ကို ရှင်းလင်းခဲ့ရာ သေနတ်နှင့်လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေး အင်အားစုက ယနေ့(သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။

သိန်းထွန်း (ခ)ဂျွန်ဂျွန်အား ဝင်ရောက်ဖမ်းဆီးရာတွင် (၉)မမ လက်လုပ် (ပသစ) တစ်လက်၊နှင့်အတူ ကျည် ၅ တောင့် ၊ ဗုံးတစ်လုံးကို ၎င်းနှင့်အတူ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

“မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် တပ်ဖွဲ့၊ဝက်လက်ရင်း ၁၈ မှ စုပေါင်းလုပ်ဆောင်ခဲ့ပါတယ်”ဟု ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ပြောသည်။

တော်လှန်ရေး၏ အနှောင့်အယှက်များဖြစ်သောဒလန် နှင့် ပျူစောထီးများ၏ နာမည်၊ အိမ် နေ ရပ်လိပ်စာ အတိအကျကို ဆက်သွယ်တိုင်တန်း စာပို့ထားနိုင်ကြောင်းလည်း အဆိုပါ အင်အားစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကြားရှိ ဧရာဝတီမြစ် ရေလယ် ကျွန်းရွာ၌ ယခုလ ပထမပတ်ကစ၍ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှုများလည်းရှိခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။