မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွာတန်းရှည် ကျေးရွာမှ ပျုစောထီးခေါင်းဆောင်ကို ရှင်းလင်းခဲ့ရာ သေနတ်နှင့်လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေး အင်အားစုက ယနေ့(သြဂုတ် ၁၅ ရက်) ထုတ်ပြန်သည်။
သိန်းထွန်း (ခ)ဂျွန်ဂျွန်အား ဝင်ရောက်ဖမ်းဆီးရာတွင် (၉)မမ လက်လုပ် (ပသစ) တစ်လက်၊နှင့်အတူ ကျည် ၅ တောင့် ၊ ဗုံးတစ်လုံးကို ၎င်းနှင့်အတူ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။
“မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် တပ်ဖွဲ့၊ဝက်လက်ရင်း ၁၈ မှ စုပေါင်းလုပ်ဆောင်ခဲ့ပါတယ်”ဟု ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစုက ပြောသည်။

Public Service Announcement
တော်လှန်ရေး၏ အနှောင့်အယှက်များဖြစ်သောဒလန် နှင့် ပျူစောထီးများ၏ နာမည်၊ အိမ် နေ ရပ်လိပ်စာ အတိအကျကို ဆက်သွယ်တိုင်တန်း စာပို့ထားနိုင်ကြောင်းလည်း အဆိုပါ အင်အားစုက အသိပေးသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကြားရှိ ဧရာဝတီမြစ် ရေလယ် ကျွန်းရွာ၌ ယခုလ ပထမပတ်ကစ၍ တိုက်ပွဲ ပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှုများလည်းရှိခဲ့ကြောင်းသိရသည်။
