Connect with us

Hi, what are you looking for?

သတင်း

AA နှင့်စစ်​ကောင်စီတပ်တိုက်ပွဲစစ်​သားအနည်းဆုံး၃၇ဦး​သေ၊ လက်နက်မျိုးစုံ ၃၀ ​ကျော်၊ ဒရုန်းနှင့်ခဲယမ်းများစွာ AA သိမ်းဆည်းရရှိ

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)
(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတွင် သြဂုတ် ၁၃ ၊ ၁၄ ရက်တို့တွင် စစ်​ကောင်စီတပ်နှင့် ရက္ခိုင်တပ်မ​​တော် (AA)တို့ကြား ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၇ ဦးသေဆုံးကာ၊လက်နက်မျိုးစုံ ၃၀​ကျော်၊ဒရုန်းများ၊ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်း ရမိကြောင်း ရခိုင်တပ်​တော် AA ကထုတ်ပြန် သည်။

သြဂုတ် ၁၃ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ရခိုင်ဒေသအတွင်း(၃) နေရာ နှင့်ချင်ူပြည်နယ် ပလက်ဝဒေသအတွင်း (၁) နေရာ စုစုပေါင်း (၄) နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု​ဖော်ပြထားသည်။

အဆိုပါနေ့၌ ပထမဆုံးသောတိုက်ပွဲမှာ ရခိုင်ပြည် နယ် ၊ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေး ရွာ၏ မြောက်ဖက် (၁ဒသမ ၅) ကီလိုမီတာအကွာအဝေး၌ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် AA တို့ နံနက် ၇ နာရီ ၃၅ မိနစ်မှ နံနက် ၉ နာရီခွဲအထိ တိုက်ပွဲဖြစ်ဖြစ်ပွားခဲ့ကြောင်းဖော်ပြသည်။

စစ်ကောင်စီ၏ ပူးပေါင်းတပ်သည် AA တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)
(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)

နှစ်နာရီကြာ တိုက်ပွဲအတွင်း ရန်သူ့(စစ်ကောင်စီ) ဖက်မှ သေ ဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး အထိ အခိုက်အကျအဆုံးများခဲ့ကြောင်း AAက ပြော သည်။

AA ဖက်မှလည်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသောတပ်ဖွဲ့ဝင် အနည်းငယ် နှင့် ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဒုတိယမြောက် တိုက်ပွဲမှာ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် (၂ဒသမ ၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ် ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခန့်တွင် ခလရ (၂၇၀) နှင့် AAတို့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။

တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ထိုတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှ မျက်မြင် (၆) ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ ကြောင်း သိရသည်။

ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှလက် နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံး အဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)
(စစ်​ကောင်စီတပ်ထံမှ AAသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့်တိုက်ပွဲဖြစ်ပွားရာ​မြေပုံ။ ။ဓါတ်ပုံ- AA)

တတိယအကြိမ်တိုက်ပွဲမှာ ရခိုင်-ဘင်္ဂလာနယ် စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ်လ ၁၃ ရက်၊ နံနက် ၁၁ နာရီခွဲ ၌ ခမရ (၃၅၂) တပ် ရင်းသည် AA တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက် ခိုက်လာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့သည်။

စစ်ကောင်စီသည် နေရာ (၃) နေရာမှ ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် တိုက်ပွဲမှာ ညနေ (၅) နာရီကျော်အထိ ဆက်လက်ရှိနေခဲ့ပြီးပစ်ခတ်တိုက်ခိုက်မှုများနှင့် ရန်သူ့လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ည (၈) နာရီအထိရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော မိုင်တိုင် (၄၀) နေရာပတ် ဝန်းကျင်၌ ယခုကဲ့သို့သော ကြီးကြီးမားမား တိုက် ပွဲမရှိခဲ့သော်လည်း လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နေခဲ့ကြသည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီး သြဂုတ် ၁၃ ရက်တွင်မှ စစ်ကောင်စီသည် ၎င်းတို့ အပေါ် ထိုး စစ်ကို စတင်ပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲမှာ ပြင်းထန်ခြင်းနှင့်အတူ စစ်ကောင်စီတပ်မှအထိနာခဲ့ကြောင်း AAက အသိပေးသည်။

အဆိုပါတိုက်ပွဲတွင်လည်း လက်နက်ကြီး၊ လက် နက်ငယ် အချို့၊ ပစ်စတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့ကြောင်း AA က အတည်ပြုသည်။

အလားတူ သြဂုတ် ၁၃ ရက်က ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဖက် (၁ ဒသမ ၂) ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန် အလှန်ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုနေရာ၌ နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်သော် လည်း စစ်ကောင်စီဘက်က ၎င်းတို့ရှိရာနေရာသို့ အဝေးမှ လက်နက်ကြီးများကို အဓိကအားကိုးပြီး ပစ်ခတ်နေပြီးမြေပြင်မှ မတက်လာသော ကြောင့် တိုက်ပွဲများ ကြီးမားစွာဖြစ်ပွားခြင်း မရှိသေးပေ။

ပလက်ဝ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိနိုင်ခဲ့ဟု ဆိုသည်။

သြဂုတ် ၁၄ ရက်၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်းတိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ စစ်ကောင်စီက ၎င်းတို့အခြေချအထိုင် စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှလက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက် ၁၀ နာရီခွဲခန့်မှ စတင်ပြီး တစ်နေ့ကုန်နီးပါး ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ယနေ့ (သြဂုတ် ၁၅ ရက်) တွင်လည်း စစ်ကောင် စီက လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း AA က သတိပေးသည်။

စစ်ကောင်စီ၏စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း AA က ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ရေးသတိ၊ အသွားအလာသတိများကို အထူးဂရုပြုကြရန်လည်း AA က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။