Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန်ကြား တိုက်ပွဲဆက်ဖြစ်၊ ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီ တပ် ၁၅ဦးခန့် သေဆုံးနိုင်

ယမန်နေ့ (ဩဂုတ် ၁၅ရက်) တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိခဲ့သည်ဟု The Chin Journalက ဖော်ပြသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ်ချောင်းအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိသည်။

ဇူလိုင် ၁၀ရက်မှ စ၍ အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဩဂုတ် ၁၅ရက်အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

ယမန်နေ့ (ဩဂုတ် ၁၅ရက်) တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ရရှိခဲ့သည်ဟု The Chin Journalက ဖော်ပြသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီဘက်က ၁၅ဦးခန့် သေဆုံးမည်ဟု မြေပြင်သတင်း ရင်းမြစ်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ စက်သေနတ် ၁လက်၊ လက်နက်ငယ် ၁လက်၊ မော်တော်ဗုံးသီး ၂လုံး တို့ ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၁ရက်နှင့် ၁၃ရက် သီမစ်ချောင်းအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်က ကျဆုံးထိခိုက်များစွာ ဖြင့် ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်က ကျန်နေသည့် ခဲယမ်း၊ ကျည်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို ချင်းတော်လှန်ရေးတပ်များ က သိမ်းဆည်းရရှိခဲ့သည်။

ဩဂုတ် ၃ရက်ကလည်း တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စက်သေနတ် သမား အပါအဝင် သုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ဩဂုတ် ၄ရက်ကလည်း သီမစ်ချောင်းအနီး စခန်းချရန် ပြင်နေသည့် စစ်ကောင်စီတပ်အား ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့သည်။

ဩဂုတ် ၁ရက်ကလည်း သီမစ်ချောင်း အောက်ပိုင်း၌ တိုက်ပွဲ ၃နာရီကျော် ဖြစ်ခဲ့သည်။ တိုက်ပွဲစတင်ခဲ့သည့် ဇူလိုင် ၃၀ရက်ကလည်း စစ်ကောင်စီတပ် အထိနာပြီး ဆုတ်ခွာထွက်ပြေး သွားခဲ့ရသည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေး တပ်(CDF) များဖြစ်သည့် CDF-Zophei၊ CDF-Hakha၊ CDF-Thantlang၊ CDF-Lautu၊ CDF Mara နှင့် ချင်းတပ်ပေါင်းစု CJDC ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။