Connect with us

Hi, what are you looking for?

သတင်း

ကြည့်မြင်တိုင်ကမ်းနားတွင်မိုးရွာထဲသင်္ဘောတစ်စီးမီးလောင်

မီးလောင်မှုကို ငြိမ်းသတ်ရန် ကြည့်မြင်တိုင်၊ စက်ဆန်း၊ ကမာရွတ်၊ဆိတ်ကြီးခနောင်တို့မှ မီးသတ်ကားများ ထွက်ခွာခဲ့ရသည်ဟုလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(သင်္ဘောမီး​လောင်​နေစဥ်)
(သင်္ဘောမီး​လောင်​နေစဥ်)

ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကွက်သစ်ရပ်ကွက်၊ ကမ်းနားရှိ သင်္ဘောတစ်စီးသည် ယနေ့ မနက် ၁၀နာရီခွဲခန့်ကမိုးရွာ​နေစဥ်မှာပင်မီးလောင်ကျွမ်းခဲ့သည်။

ဒေါက်တင်​နေ​သည့် သင်္ဘောမီး​လောင်ခြင်းဖြစ်သည်ဟု​အချို့ကပြောသလို ၊ဦးပိုင်လက်​​​အောက်ရှိကုမ္ပဏီ၏ဆီတင်သင်္ဘောမီး​လောင်ကျွမ်းခြင်းဖြစ်သည်ဟုလည်း ​ဒေသခံအချို့က​ပြောသည်။ မည်သည့် သင်္ဘောအမျိုး အစားနှင့်​မီးလောင်ကျွမ်း​သည့်အ​ကြောင်းအရင်းကိုမူ လူထု​နွေဦးက အတည်မပြုနိုင်​သေးပါ။

သင်္ဘောမှာမနက် ၁၀နာရီခွဲမှ စတင်ပြီးလောင်ကျွမ်းခဲ့ပြီး ၁၁နာရီခန့်တွင်းမီးငြိမ်းသတ်နိုင်ခဲ့သည်ဟုစစ်ကောင်စီ၏ပြည်ထဲ​ရေးဝန်ကြီးဌာနလက်​အောက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

မီးလောင်မှုကို ငြိမ်းသတ်ရန် ကြည့်မြင်တိုင်၊ စက်ဆန်း၊ ကမာရွတ်၊ဆိတ်ကြီးခနောင်တို့မှ မီးသတ်ကားများ ထွက်ခွာခဲ့ရသည်ဟုလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မီးလောင်ရသည့်အကြောင်းအရင်းနှင့် သင်္ဘောအမျိုးအစားကိုမူ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။