Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပေါ် ခြိမ်းခြောက်ငွေတောင်းနေသည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် ပျူများထဲမှ လေးဦးသေဆုံးနိုင်ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မဟာမိတ်အဖွဲ့များ ထိခိုက်မှုမရှိကြောင်း PDF South Monywaက အသိပေးသည်။

ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားကားများအား စစ်ဆေးနေသော အကြမ်းဖက်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ- Cj
ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားကားများအား စစ်ဆေးနေသော အကြမ်းဖက်အုပ်စုအား တွေ့ရစဥ်။ ဓာတ်ပုံ- Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များအား ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywaက ထုတ်ပြန် သည်။

ယမန်နေ့ (သြဂုတ် ၁၇ရက်) နံနက်၆နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တောပုကျေးရွာမှ စစ်ကောင်စီတပ်လက်အောက်ခံ ပျူများသည် ခရီးသွားပြည် သူများအား လှည့်လည်စစ်ဆေးကာ ငွေတောင်းခံမှုများ ပြုလုပ်နေ၍ မိုင်းဆင်ထားသည့်နေရာသို့အရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် ပျူများထဲမှ လေးဦးသေဆုံးနိုင်ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ မဟာမိတ်အဖွဲ့များ ထိခိုက်မှုမရှိကြောင်း PDF South Monywaက အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအား People’s Defence Force – South Monywa၊Monywa Ranger Group/Truth Army ၊Black Hunter People’s Task Force ၊Anyar Defence Force စသည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa တာဝန်ရှိသူ Daung Karyanက “တောပုပျူတွေ၁၂ကောင်၂ယောက်ပိုး ၆စီးနဲ့ ထွက်လာတာပါ။ ထုတ်ပြန်ထားတဲ့လမ်းပိုင်းမှာ ဒီကောင်တွေ ဓားပြတိုက် လုနေကြတာပါ။ ခြောက်ကောင်က ကျွန်တော်တို့ပွိုင့်နားမှာ လာထိုင်တာနဲ့ ဆွဲလိုက်တာပါ။ ခြောက်ကောင်လုံးလဲကျသွားပြီး လေးကောင်သေတဲ့အကြောင်း သတင်းရရှိပါတယ်ဗျ။”ဟု ပြောကြားသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သြဂုတ် ၁၅ ရက် နံနက် ၂ နာရီဝန်းကျင်ကလည်း မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြောက်ကျားထိုးစစ်ဆင်ခဲ့ရာ ၄၅ မိနစ်ကျော် အဆက်မပြတ် ထိုးစစ်ဆင်မှုအတွင်း အကြမ်းဖက်စစ်သား လေးဦးသေဆုံးခဲ့သည်ဟု Chindwin Attack Forceအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။