Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် စစ်ကောင်စီတပ်၏ မိုင်းရှာအဖွဲ့နှင့် ခြိမ်းခြောက်ငွေတောင်းသည့်အဖွဲ့များအား မိုင်းခွဲတိုက်ခိုက်

ယမန်နေ့ နံနက်အစောပိုင်းကပင် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ (နမခ)ဘက်စုံခြံတွင် ခေတ္တနားခဲ့သည်။

(ချောင်းဦး PDFက ဩဂုတ် ၁၁ ရက်တွင် အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့စဥ်။ပုံဟောင်းကို အသုံးပြုထားပါသည်။)
(ချောင်းဦး PDFက ဩဂုတ် ၁၁ ရက်တွင် အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့စဥ်။ပုံဟောင်းကို အသုံးပြုထားပါသည်။)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ မိုင်းရှာအဖွဲ့နှင့် ခြိမ်းခြောက်ငွေတောင်းနေသည့်အဖွဲ့အား မိုင်းခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ချောင်းဦး PDFအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၈ ရက်) နံနက်ပိုင်းက ချောင်းဦးမြို့တွင်း မုံရွာ-မန္တလေးကားလမ်းပေါ်တွင် PDFအဖွဲ့ထောင်ထားသောမိုင်းပေါ်တွင် စစ်ကောင်စီတပ်သား ၁၈ဦးက လမ်းသွား၊ လမ်းလာများအား စစ်ဆေးငွေညှစ်တောင်းခံခဲ့သည်။

ထိုအချိန် CHU PDF တပ်ခွဲ (၃)၏ ရဲဘော်များက အဆိုပါ မိုင်းများခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံး၍ လေးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ နံနက်အစောပိုင်းကပင် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ (နမခ)ဘက်စုံခြံတွင် ခေတ္တနားခဲ့သည်။

Public Service Announcement

Public Service Announcement

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၅၀ခန့်ဖြင့် ဘက်စုံခြံတောင်ဘက်၊ မုံရွာ-မန္တလေးလမ်းအနောက်ဘက်၊ လယ်ကွင်းများအတိုင်း မိုင်းရှာထွက်စဥ် CHUPDF တပ်ခွဲ ၄(မိုင်းတပ်ခွဲ)က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံး၍ ထိခိုက်သူများပြားကြောင်း ချောင်းဦးPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ်-(ပကဖ)၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိဟု ချောင်းဦး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦးPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။