Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးတွင် စစ်ကောင်စီတပ်၏ မိုင်းရှာအဖွဲ့နှင့် ခြိမ်းခြောက်ငွေတောင်းသည့်အဖွဲ့များအား မိုင်းခွဲတိုက်ခိုက်

ယမန်နေ့ နံနက်အစောပိုင်းကပင် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ (နမခ)ဘက်စုံခြံတွင် ခေတ္တနားခဲ့သည်။

(ချောင်းဦး PDFက ဩဂုတ် ၁၁ ရက်တွင် အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့စဥ်။ပုံဟောင်းကို အသုံးပြုထားပါသည်။)
(ချောင်းဦး PDFက ဩဂုတ် ၁၁ ရက်တွင် အကြမ်းဖက်စစ်တပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့စဥ်။ပုံဟောင်းကို အသုံးပြုထားပါသည်။)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ မိုင်းရှာအဖွဲ့နှင့် ခြိမ်းခြောက်ငွေတောင်းနေသည့်အဖွဲ့အား မိုင်းခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ချောင်းဦး PDFအဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၈ ရက်) နံနက်ပိုင်းက ချောင်းဦးမြို့တွင်း မုံရွာ-မန္တလေးကားလမ်းပေါ်တွင် PDFအဖွဲ့ထောင်ထားသောမိုင်းပေါ်တွင် စစ်ကောင်စီတပ်သား ၁၈ဦးက လမ်းသွား၊ လမ်းလာများအား စစ်ဆေးငွေညှစ်တောင်းခံခဲ့သည်။

ထိုအချိန် CHU PDF တပ်ခွဲ (၃)၏ ရဲဘော်များက အဆိုပါ မိုင်းများခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံး၍ လေးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ နံနက်အစောပိုင်းကပင် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်ခွာလာပြီး ခင်မွန်ကျေးရွာရှိ (နမခ)ဘက်စုံခြံတွင် ခေတ္တနားခဲ့သည်။

Public Service Announcement

Public Service Announcement

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၅၀ခန့်ဖြင့် ဘက်စုံခြံတောင်ဘက်၊ မုံရွာ-မန္တလေးလမ်းအနောက်ဘက်၊ လယ်ကွင်းများအတိုင်း မိုင်းရှာထွက်စဥ် CHUPDF တပ်ခွဲ ၄(မိုင်းတပ်ခွဲ)က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံး၍ ထိခိုက်သူများပြားကြောင်း ချောင်းဦးPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့-ချောင်းဦးမြို့နယ်-(ပကဖ)၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိဟု ချောင်းဦး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ချောင်းဦးPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။