Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းတွင် ကုတင် ၅၀ဆန့်ဆေးရုံကို CNO ဖွင့်လှစ်

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ကတည်းမှ ဆေးကုသမှုပေးနေသည့်နေရာဖြစ်ပြီး ၂၀၂၁ အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ဖွင့်ခဲ့ခြင်းသည်ဟု​ဖော်ပြထားသည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဦးစီး၍ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံကို ယနေ့(ဩဂုတ် ၂၀ ရက်)က ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ကတည်းမှ ဆေးကုသမှုပေးနေသည့်နေရာဖြစ်ပြီး ၂၀၂၁ အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ဖွင့်ခဲ့ခြင်းသည်ဟု​ဖော်ပြထားသည်။

Suangdawn(ဆောင်ဒွန်း)ဟူအမည်ရှိ ထိုဆေးရုံကို ယနေ့ နံနက် ၁၀ နာရီခန့်က ဖလမ်းမြို့နယ်တွင် ချင်း​ဒေသကာကွယ်​ရေးတပ်-CDF ၊ချင်းအမျိုးသားအဖွဲ့ချုပ်CNO စ​သည်တို့မှတာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

ထိုဆေးရုံတွင် ယမန့်နှစ်အောက်တိုဘာလကတည်းက PDF(ကလေး)မှ ဆရာဝန်များနှင့်ပူးတွဲ၍ ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသပေးခြင်း၊ ကလေးမီးဖွားပေးခြင်းနှင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအောင်မြင်မှု၏အသီးအပွင့်တစ်ခုဖြစ်ပြီးစစ်ကောင်စီကြောင့် ပျက်စီးနေသည့်ပြည်သူများအတွက်အခြေခံကျန်းမာရေးကို အစားထိုးတာဝန်ယူခြင်းဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ​ဆောင်ဒွန်းဆေးရုံဖွင့်ပွဲသို့​ပေးပို့​သော သဝဏ်လွှာတွင်​ဖော်ပြထားသည်။

(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)
(​ဆောင်ဒွန်း​ဆေးရုံဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-CNO)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါဆေးရုံသည် စစ်ကောင်စီကြောင့် ဆုတ်ယုတ်ယိုယွင်းလျက်ရှိသော ပြည်သူ့ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ရာတွင် တစ်တပ်တစ်အားဖြစ်စေသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။

ဖွင့်ပွဲသို့ CDFစစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲ‌ဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။

ထိုအတူ CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုအတူPDF(ကလေး) စစ်ဦးစီးချုပ်ကလည်း အမှာစကားပြောကြားခဲ့သည်ဟု CNOက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။