Connect with us

Hi, what are you looking for?

သတင်း

ကချင်နှင့် စစ်ကိုင်းဒေသထွက် ကျောက်စိမ်းကို စစ်ကောင်စီ လေကြောင်းမှ သယ်ယူနေ

ယခုရက်ပိုင်းတွင် ကလေးမြို့လေဆိပ်မှ ခရီးသည်နှင့် ကုန်တင်လေယာဥ် တစ်နေ့ ငါးစီးခန့် နေ့စဥ်ထွက်ခွာနေပြီး ကျောက်စိမ်းသယ်နေခြင်းဟု ဒေသခံများက ပြောသည်။

Update News
Update News

ကချင်နှင့် စစ်ကိုင်းဒေသထွက် ကျောက်စိမ်းကို စစ်ကောင်စီက ရေကြောင်းမှ မသယ်တော့ဘဲ ကလေးမြို့လေဆိပ်မှတစ်ဆင့် လေကြောင်းအသုံးပြုသယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းတွင် ကလေးမြို့လေဆိပ်မှ ခရီးသည်နှင့် ကုန်တင်လေယာဥ် တစ်နေ့ ငါးစီးခန့် နေ့စဥ်ထွက်ခွာနေပြီး ကျောက်စိမ်းသယ်နေခြင်းဟု ဒေသခံများက ပြောသည်။

” ခေတ်ကောင်းတုန်းကတောင် တစ်ရက်ကို ငါးစီးမလာဘူး။အခုက လေယာဥ်တွေ တက်လိုက်ဆင်းလိုက်နဲ့နေ့တိုင်းပဲ။ ကျောက်စိမ်းတွေကို ကလေးမြို့အထိ သယ်ပြီး အဲ့ဒီကနေ လေကြောင်းနဲ့ နေပြည်တော်ကို ပို့နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်(ဖားကန့်)နှင့် စစ်ကိုင်းတိုင်း( ခန္တီး၊ ဟုမ္မလင်း)မှထွက်သော ကျောက်စိမ်းနှင့် အခြားသတ္တုများကို ယခင်က ချင်းတွင်းမြစ်ကြောင်းမှတဆင့်စစ်ကောင်စီက သယ်ဆောင်ခဲ့သည်။ ယခုအခါ ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းတင် သဘော်များ မကြာခဏတိုက်ခိုက်ခံနေရ၍ လေကြောင်းမှ ပြောင်းလဲသယ်ယူနေသည့်သတင်းများ ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“လေကြောင်းတွေက စစ်ကောင်စီကို အဲလိုကူညီနေတယ်ဆိုရင် အဲ့လေကြောင်းလိုင်းတွေကိုပါ သတိပေးသင့်ပြီ” ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသကျောက်စိမ်းမှောင်ခိုထုတ်လုပ်မှုသည် အလွန်ကြီးမားနေပြီး တရုတ်နိုင်ငံသို့ကျောက်စိမ်းရောင်းချခြင်းမှရသည့် ဝင်ငွေလမ်းကြောင်းသည် အလွန်ကြီးမာနေကြောင်း ကျောက်ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။