Connect with us

Hi, what are you looking for?

News

ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် စစ်ကိုင်းဒေသခံ PDF တာဝန်ရှိသူတို့ တွေ့ဆုံသည့်သတင်းမကြားမိဟုKIOတာဝန်ရှိသူပြော

“ ကျွန်တော်ထင်တာ အခုအချိန်မှာက ကျွန်တော်တို့ကကိုဗစ်ရောဂါ ပြန့်နှံ့နေလို့ အပြင်တောင်မထွက်ဘူး ဖြစ်နေတာ။ ဆိုတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကတော့ ကျွန်တော်တော့ မကြားမိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် စစ်ကိုင်းတိုင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တာဝန်ရှိသူအချို့ အွန်လိုင်းမှ ဆွေးနွေးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး အမည်ရှိ Facebook စာမျက်နှာက ယနေ့ ဖော်ပြခဲ့ရာ ယင်းသို့ တွေ့ဆုံမှုမျိုး မကြားမိကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“ ကျွန်တော်ထင်တာ အခုအချိန်မှာက ကျွန်တော်တို့ကကိုဗစ်ရောဂါ ပြန့်နှံ့နေလို့ အပြင်တောင်မထွက်ဘူး ဖြစ်နေတာ။ ဆိုတော့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကတော့ ကျွန်တော်တော့ မကြားမိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေး အမည်ရှိ Facebook စာမျက်နှာသည် ထီးချိုင့်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(PDF)၏ စာမျက်နှာ အစစ်မဟုတ်ဘဲ အတုသာဖြစ်ကြောင်း ထီးချိုင့် PDFနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ထီးချိုင့် ကာကွယ်ရေးအမည်ရှိ စာမျက်နှာသည် တိုက်ပွဲသတင်းများကိုလည်း မဟုတ်မမှန်ဖော်ပြမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။