Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ လဲကျသေဆုံးနေ

အခင်းဖြစ်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ် ၊ယာဉ်ပျံရပ် လမ်း ၃၀ ၊ ၅၇ လမ်းပေါ်မှာရှိတာဖြစ်ပြီး သေဆုံးသွားသူ တွေ ဟာ အမျိုးသားနဲ့အမျိုးသမီး တို့ဖြစ်ပါတယ်။

မန္တလေးမှာ လူ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ လဲကျသေဆုံးနေ
မန္တလေးမှာ လူ ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ လဲကျသေဆုံးနေ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အတွင်း လမ်းမပေါ်မှာ ဒီနေ့မနက်ပိုင်းက လူ ၂ ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သွေးအိုင်ထဲလဲကျသေဆုံးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ ချမ်းအေးသာစံမြို့နယ်၊ ယာဉ်ပျံရပ် လမ်း ၃၀၊ ၅၇ လမ်းပေါ်မှာရှိတာဖြစ်ပြီး သေဆုံးသွားသူ တွေ ဟာ အမျိုးသားနဲ့အမျိုးသမီး တို့ဖြစ်ပါတယ်။

အသတ်ခံရသူ ၂ ဦးဟာ ဟိုတယ်တစ်ခုကဝန်ထမ်းတွေဖြစ်တယ်လို့သတင်းလာပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကတော့ အခင်းဖြစ်တဲ့နေရာတဝိုက်က စီစီတီဗီမှတ်တမ်းတွေကို စစ်ဆေးနေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။