Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရပြီး CDM ဝင်လာသော စစ်သားများလည်းရှိနေ

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး CDM ဝင်လာသည့် စစ်သားများလည်း ရှိနေကြောင်း MDF-Special Forceက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂၂ ရက်) နံနက် ၁၁ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို MDF-Special Force(ရွှေဘိုခရိုင် တပ်ရင်း ၂၆)နှင့် ကနီမြို့နယ်၊ ပကဖတပ်ဖွဲ့များက ကဲတောင်ကျေးရွာအနီးတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း MDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

တိုက်ပွဲတွင် စစ်ကောင်စီတပ်အား (၆၀) မမများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ MDFနှင့် ပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲကို MDF နှင့်အတူ ကနီမြို့နယ် ပကဖအဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း MDFက ထပ်မံအသိပေးသည်။

သြဂုတ် ၂၀ ရက်ကလည်း အဆိုပါစစ်ကြောင်း ကင်းချရပ်နားသည့်နေရာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ပထမအကြိမ် တိုက်ခိုက်မှုအောင်မြင်ခဲ့ပြီး ဒုတိယအကြိမ်တိုက်ခိုက်ရာတွင် ပစ်ခတ်ခံရ၍ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ကြောင်း MDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)
(MDFရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-MDF)

ထို့အပြင် ကနီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းများမှ စစ်ကောင်စီတပ် သားများမှာ MDFနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ CDMပြုလုပ်ခြင်းများရှိပြီး အတွင်းသတင်းများလည်းကြားသိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ CDM တပ်သားများကို လုံခြုံဘေးကင်းသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး NUGမှချမှတ်ထားသော စစ်ဥပဒေနှင့်အညီ စောင့်ရှောက်ပြီး လိုအပ်သ​ည်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း MDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook