Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံမှုများ ဆက်လုပ်ပါကစစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းမည်ဟု KRF ထုတ်ပြန်

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ အကြောင်းပြပြီး လုပ်ငန်းရှင်များနှင့် ပြည်သူများထံ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အပေါ် ကျိုက်ထို တော်လှန်ရေးအင်အားစုများ(KRF)က ယနေ့ သတိပေး ချက်ထုတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုဟု အမည်ခံ၍ ဖုန်းဆက်၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ငွေကြေးတောင်းခံနေသည်ကို KRFက သေချာစွာ စုံစမ်းထားသည်ဟုဆိုသည်။

ထိုသို့ လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံနေသူများ အနေဖြင့် အေးချမ်းစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများအပေါ် မတရား ခြိမ်ခြောက် ငွေကြေးတောင်းခံခြင်းကို ရပ်တန်းက ရပ်ရန် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး မရပ်တန့်ဘဲ ဆက်လုပ်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမည်ဟု KRFက ကြေညာခဲ့သည်။

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။