Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံမှုများ ဆက်လုပ်ပါကစစ်ရေးပစ်မှတ်အဖြစ်ရှင်းလင်းမည်ဟု KRF ထုတ်ပြန်

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ အကြောင်းပြပြီး လုပ်ငန်းရှင်များနှင့် ပြည်သူများထံ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အပေါ် ကျိုက်ထို တော်လှန်ရေးအင်အားစုများ(KRF)က ယနေ့ သတိပေး ချက်ထုတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုဟု အမည်ခံ၍ ဖုန်းဆက်၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော်လည်းကောင်း ငွေကြေးတောင်းခံနေသည်ကို KRFက သေချာစွာ စုံစမ်းထားသည်ဟုဆိုသည်။

ထိုသို့ လက်နက်ကိုင်အဖွဲ့အမည်ခံပြီးငွေကြေးတောင်းခံနေသူများ အနေဖြင့် အေးချမ်းစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများအပေါ် မတရား ခြိမ်ခြောက် ငွေကြေးတောင်းခံခြင်းကို ရပ်တန်းက ရပ်ရန် နောက်ဆုံးအကြိမ် သတိပေးလိုက်ပြီး မရပ်တန့်ဘဲ ဆက်လုပ်နေပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမည်ဟု KRFက ကြေညာခဲ့သည်။

KRFသည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

NUG ပြုပြင်​ပြောင်းလဲ​ရေးလုပ်​နေပြီး ပြည်တွင်း၌ ဝန်ကြီး ၉ ဦးအ​ခြေချအလုပ်လုပ်​နေဟုဆို

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့တော်လှန်ရေး၏မဟာဗျူဟာဦးတည်ချက် (၆)ချက် ရရှိနိုင်ရန် မဟာဗျူဟာ နည်းလမ်း (၆)ခုကိုသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း NUGက ယနေ့ (ဧပြီ ၃၀ရက်)တွင် ထပ်မံ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ကယန်းဒေသရှိ မြင်းမထိတောင်သတ္တုလုပ်ကွက်သို့ ရိက္ခာပို့ယာဥ်အား ဒေသခံများကတားဆီးရာ အဆိုပါသတ္ထုတူးဖော်မှုလုပ်ကိုင်နေသော တရုတ်ကုမ္ပဏီက လက်နက်ကိုင်များခေါ်၍ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။

သတင်း

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်၍ စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းထားသည်။