Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့ပေါ်တွင်အမျိုးသား ၂ဦးသတ်ဖြတ်ခံရ

သေဆုံးသူများ၏ အမည် စုံစမ်းမရသေး၍ သိရှိသူများအနေဖြင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ Facebook စာမျက်နှာသို့သတင်းပေးနိုင်သည်ဟု အသိပေးထားသည်။

(ကျွန်းလှမြို့ ကိုအ​​​ပေါ်စီးမှ​မြင်တွေ့ရပုံ။ဓါတ်ပုံ-CJ)
(ကျွန်းလှမြို့ ကိုအ​​​ပေါ်စီးမှ​မြင်တွေ့ရပုံ။ဓါတ်ပုံ-CJ)

စစ်ကောင်စီလက်ပါးစေများ၏လက်ချက်ဖြစ်နိုင်ဟုကျွန်းလှမြို့ခံပြော

စစ်ကိုင်းတိုင်းကျွန်းလှမြို့ပေါ်ရှိလူမြင်ကွင်း(၂)ရာတွင်အမည်မသိအမျိုးသားရုပ်အလောင်း၂လောင်းတွေ့ရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂၆ရက် နံနက်တွင်ကျွန်းလှမြို့လယ်ခေါင်ဘူတာအနီး၌ အသက်၂၀အရွယ် လူငယ်တစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေပြီးသစ်ရာမြိုင်ဈေးတောင်ဘက်တွင်အသက်၅၀ကျော် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ဖော်ပြထားသည်။

“ညကအချိန်တော့မမှတ်မိဘူးသေနတ်သံ‌တွေလဲကြားတယ်ဗျ။မြို့ပေါ်မှာ ဇောင်းကြွနေတဲ့ စစ်ခွေးနောက်လိုက် ပျူခွေးတွေလက်ချက်ဖြစ်နိုင်ပါတယ်။သူတို့က အဖက်ဖက်ကရှုံးနိမ့်နေတော့မြို့ပေါ်တစ်ခု ဇောင်းကြွနိုင်တာ၊မြို့ပေါ်နေပြည်သူလူထုကို အကြောက်တရားပေးချင်လို့ လက်နက်အားကိုးပြီး လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်တယ်၊တမင်လူမြင်ကွင်းကို လာပစ်တယ်လို့ထင်ပါတယ်။သူတို့ လုပ်ရပ်ကြောင့် ပြည်သူတွေက မကြောက်ဘဲ ရွံပဲရွံလာတယ်၊အစကသူတို့ဘက်ပါချင်ချင်လူတောင် အတွေးပြောင်းလာကြတာများတယ်” ဟု ကျွန်းလှမြို့ခံတစ်ဦး၏ ပြောကြားချက်ကိုလည်းဖော်ပြခဲ့သည်။

သေဆုံးသူများ၏ အမည် စုံစမ်းမရသေး၍ သိရှိသူများအနေဖြင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့၏ Facebook စာမျက်နှာသို့သတင်းပေးနိုင်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ကို ယမန်နေ့ညနေကစပြီး အင်အားအလုံးအရင်းဖြည့်တင်းလျက်ရှိပြီး ယနေ့မနက်တွင် ကုန်းစည်းရွာကို မီးရှို့နေသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။ ဩဂုတ် ၂၃ရက်က ကန့်ဘလူ – ကျွန်းလှ အစပ်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၄၀ ​ကျော်သေဆုံးပြီး အရာရှိ ၃ဦး ဖမ်းဆီးခံရကာ လက်နက်ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ကသိမ်းဆည်းရရှိခဲ့သည်။

စစ်​ကောင်စီတပ်ကအထိနာပြီး​နောက်တိုက်ပွဲအနီးဝန်းကျင်ရှိမြို့ရွာများကို ပိုမိုအကြမ်းဖက်​နေကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။