Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ် ကုန်းစည်းရွာကို စစ်ကောင်စီတပ် မီးရှို့နေ

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

(ကျွန်းလှမြို့နယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၂ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ကျွန်းလှမြို့နယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၂ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ရှိ ကုန်းစည်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၆ရက်) နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

သဖန်းဆိပ်ဆည် အနောက်ဖက်ခြမ်းရှိသို့ ရောက် ရှိနေသည့် စစ်ကောင်စီတပ်က ကုန်းစည်းရွာကို ယနေ့ နံနက် ၇နာရီခန့်တွင် မီးရှို့နေခြင်းဖြစ် ကြောင်း ကနဦးသတင်းဖော်ပြထားပြီး အသေးစိတ် အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

ကန့်ဘလူ-ကျွန်းလှ နယ်စပ်တစ်နေရာတွင် ဩဂုတ် ၂၃ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီး အရာရှိများ အဖမ်းခံခဲ့ရသည်။ ထို့ပြင်လက်နက် ခဲယမ်းများ စွာကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။ ထို့ကြောင့် စစ်ကောင် စီတပ်က အဆိုပါဒေသနှင့်နီးစပ်သည့် ကျွန်းလှမြို့နယ် ကျေးရွာအချို့ကို ဩဂုတ် ၂၅ရက် ညနေပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ကာ စစ်အင်အားများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပို့ဆောင်ခဲ့သည့်အနက် ကုန်းစည်းရွာသို့ စစ်အင်အား ၁၈၀ ခန့်တပ်စွဲခဲ့ကြောင်း နှင့်ကျေးရွာသို့ ပြန်လာပြီး အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးသည့် ပြည်သူအချို့နှင့် ရွာထဲပိတ်မိနေသည့် ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းစစ်ရေး အခြေအနေများ ကိုဖော်ပြနေသည့် Infinity Groupက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook