Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းများတွေ့ရှိသဖြင့် ရဲဘော်များနှင့် ဒေသခံများ အသွားအလာဂရုစိုက်ကြရန် PDF သတိပေး

ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင် DMO PDFမှ ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်ကျေးရွာကို နယ်မြေရှင်းလင်းစဥ် နင်းမိုင်းများကို တူးဖော်နိုင်ခဲ့သည်ဟု ဆိုသည်။

(ယမန်နေ့က DMO PDF စစ်ကြောင်းတစ်ခုက အကြမ်းဖက်စစ်ကောင်စီ၏ နင်းမိုင်းများကို တွေ့ရှိတူးဖော်နေခြင်း ဖြစ်သည်၊ ဓာတ်ပုံ - ခွန်စနေဦး)
(ယမန်နေ့က DMO PDF စစ်ကြောင်းတစ်ခုက အကြမ်းဖက်စစ်ကောင်စီ၏ နင်းမိုင်းများကို တွေ့ရှိတူးဖော်နေခြင်း ဖြစ်သည်၊ ဓာတ်ပုံ - ခွန်စနေဦး)

စစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်းများတွေ့ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ အသွားအလာဂရုစိုက်ကြရန် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO PDF) တာဝန်ရှိသူများက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၆ ရက်)တွင် DMO PDFမှ ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်ကျေးရွာကို နယ်မြေရှင်းလင်းစဥ် နင်းမိုင်းများကို တူးဖော်နိုင်ခဲ့သည်ဟု ဆိုသည်။

“အမှန်တရားအတွက် ဘုရားသခင်ရဲ့ကွယ်ကာစောင့်ရှောက်မှုနဲ့ မိဘပြည်သူများရဲ့ဆုတောင်းမေတ္တာပို့သမှုကြောင့်ကျ​နော်တို့အသက်ဘေးကင်းခဲ့ရပေါင်းများခဲ့တယ်။ကျနော်တို့စစ် ကြောင်းထိုးနေစဉ် မိုင်းကွင်းတစ်ခုကို ၁၀ ယောက်ကျော် သတိလက်လွတ်ဖြတ်သွားပြီး နောက်ဆုံးတစ်ယောက်က မသင်္ကာစရာတစ်ခုတွေ့လို့ ကျနော်တို့စစ်ကြောင်းရပ်ကာ စစ်ဆေးကြည့်တော့ စစ်ကောင်စီတပ်က မိုင်းများထောင်ထားတာကို တွေ့ခဲ့ရတယ်”ဟု DMO PDFမှ ကိုခွန်စနေဦးက ရှင်းပြသည်။

သို့သော်နယ်မြေ ရှင်းလင်းစဥ် စစ်ကောင်စီတပ်နှင့် နီးကပ်နေသဖြင့် နင်းမိုင်းနှစ်လုံးကိုသာ ဖြုတ်ယူနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုစဥ် သီးခြားလမ်းကြောင်းတစ်ခုတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ် DMO PDF မှ သွားရောက်ကင်းထောက်ရာ၌ နွားတစ်ကောင်မှ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

“ဒီးမောဆို ထူလွှီဘီလာနှင့်ငွေတောင်ရွာသစ်မှာ နေ့စဥ်ဆိုသလို တိုက်ပွဲဖြစ်နေတာမို့ မလိုအပ်ဘဲ မသွားမလာကြပါနဲ့ စကစမှ ထောင်ထားတဲ့မိုင်းများစွာ ရှိသေးတာမို့ပါ”ဟု DMO PDF တာဝန်ရှိသူက ပြောသည်။

အင်အား ၂၀၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုလ ၂၀ရက်မှစတင်ကာ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်၊ ခြေတော်ရာဘုရားနှင့် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း စတင်စစ်ကြောင်း ဖြန့်ထားလျက်ရှိပြီး ယခုချိန်တွင် ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆိုစသည့် နေရာများကို တပ်ဖြန့် ချထားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို​တော်လှန်​ရေးတပ်​များက စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ကျည်ဘောက်ကိုးခု ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း

PJပတ်စပို့စ်ကိုင်ဆောင်သူများ ပြည်ပထွက်ခွင့် ပိတ်၊ ၅ရက်ကြို ခွင့်ပြုချက်တင်ရမည်ဟု ဆို