Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ၂၉ သိန်းနီးပါးရှိလာ

စက်သုံးဆီဈေးဖက်မှာလည်း ရုရှားက ဆီတွေ စက်တင်ဘာလဆန်းပိုင်းမှာ ပြည်တွင်းကိုရောက်မယ်လို့ စစ်ကောင်စီက ပြောဆို ချိန်မှာပဲ တစ်လီတာကို ကျပ်၃၀၀၀အထက်ကိုရောက်သွားပါတယ်။

အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ၂၉ သိန်းနီးပါးရှိလာ
အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ၂၉ သိန်းနီးပါးရှိလာ

ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ခေါ်တွေ့

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးဟာ ဆက်လက်ထိုးကျနေပြီး ဒေါ်လာဈေး ၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးဟာ စံချိန်တင်နေဆဲဖြစ်ပါတယ်။

သြဂုတ်လထဲမှာတင် ဒေါ်လာဈေးနဲ့ ရွှေဈေးဟာ အဆမတန်ထိုးတက်သွားတာတွေ့ရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ဝန်းကျင်ရှိနေပြီး နေ့တိုင်း ဈေးမဖွင့်နိုင်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။

အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ၂၉ သိန်းနီးပါးရှိလာ
အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၃၀၀ ဝန်းကျင်၊ ရွှေဈေး ၂၉ သိန်းနီးပါးရှိလာ

“ဒီမနက် ခါတိုင်းလိုပဲ လှမ်းမေးတော့အရောင်း၊ အဝယ် ဈေးခဏပိတ်ထားတယ်။ ဝယ်မယ်ဆိုရင်ဆိုင်ကိုပဲ ငွေသား နဲ့ လာလိုက်ပါ။ ရောက်မှပဲ အခြေအနေနဲ့ ဈေးနဲ့ကြည့်ပြီးရောင်းလို့ရရင်ရောင်းပေးပါမယ်လို့ ပြောတယ်” လို့ အမေရိကန်ဒေါ်လာဝယ်ဖို့ ဆိုင်ကိုလှမ်းမေးတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ သြဂုတ် ၂၇ ရက် နေ့လယ်ပိုင်းက သူဝယ်တဲ့အချိန်မှာတော့ တစ်ဒေါ်လာကို ၃၀၈၀ ကျပ်နဲ့ပေးဝယ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒေါ်လာဝယ်ရခက်နေတာကတော့ကြာပြီဖြစ်ပြီး ဆိုင်ကြီးတွေကလဲ အရင်လို့ ဆိုင်ဖွင့်ရောင်းတာမဟုတ်တော့ဘဲ ရင်းနှီးသူဝယ်နေကျသူတွေကိုသာ ရောင်း၊ ဝယ် ပေးနေတာဖြစ်ပါတယ်။

ဒေါ်လာဈေးနည်းတူ ရွှေဈေးဟာလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနီးပါးဖြစ်လာပါတယ်။

ရွှေဈေးတက်နေပေမယ့် ရွှေလုပ်ငန်းရှင်များအသင်းကတော့နေ့စဉ် ရွှေဈေးသတ်မှတ်ချက်မှာ တစ်ကျပ်သားကို ကျပ်သိန်းနှစ်ဆယ် ပတ်ချာလည်မှာ သတ်မှတ်ပေးထားတာတွေ့ရပါတယ်။

ဒါပေမယ့် ဈေးကွက်ထဲမှာ ရွှေအသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်မလုပ်ကြပါဘူး။

စက်သုံးဆီဈေးဖက်မှာလည်း ရုရှားက ဆီတွေ စက်တင်ဘာလဆန်းပိုင်းမှာ ပြည်တွင်းကိုရောက်မယ်လို့ စစ်ကောင်စီက ပြောဆို ချိန်မှာပဲ တစ်လီတာကို ကျပ်၃၀၀၀အထက်ကိုရောက်သွားပါတယ်။

ဒီနေ့ရန်ကုန်ဈေးကွက်ပေါက်ဈေးအရ ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၀၅ ကျပ် ရှိနေပါတယ်။

ဒီလို ဈေးတက်နေချိန်မှာ စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ရွှေဈေးနဲ့ငွေကြေးဈေးကွက်စောင့်ကြည့်ရေးကော်မတီဟာ နေပြည်တော်မှာ ရွှေလုပ်ငန်းရှင်တွေကို ဒီနေ့မွန်းလွဲပိုင်းမှာ တွေ့ဖို့ ခေါ်ထားတယ်လို့သိရပါတယ်။

အဲဒီတွေ့ ဆုံမှုမှာ ရွှေဈေးနဲ့ဒေါ်လာဈေးကျဖို့ စစ်ကောင်စီဘက်က ဖိအားပေးတာတွေ ရှိနိုင်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဈေးကွက်ထဲမှာအပြောင်းအလဲအနည်းငယ်ရှိလာနိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

အသစ်ရိုက်နှိပ် ထုတ်ဝေမယ့် အမေရိကန် ဒေါ်လာ ငွေစက္ကူတွေမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်မှတ် ပါဝင်လာမယ်လို့ သိရပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ