Connect with us

Hi, what are you looking for?

သတင်း

ဖလာခိုဒေသတိုက်ပွဲ စစ်ကောင်စီတပ်က ခုနစ်ဦးသေဟု KNU တပ်မဟာ(၅) အသိပေး

ဖာပွန်ခရိုင် လူသောမြို့နယ် ဖလာခိုဒေသတွင် တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင်တွင် ဩဂုတ် ၂၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန် သည်။

ဖာပွန်ခရိုင် လူသောမြို့နယ် ဖလာခိုဒေသတွင် တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဩဂုတ် ၂၄ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ထီးဘေါကော်ရွာ အတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှု မရှိသော်လည်း ရွာခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅) နှင့် စစ်ကောင်စီတပ်များသည် အကြားနေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းနှင့် ဒေသခံများ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ တောင်ယာ လုပ်ငန်းခွင်များသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။