Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားတာပါ။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား
မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ ရေကြီးနိုင်တယ်လို့ သတိပေးထား

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လာမယ့်ရက်ပိုင်းတွေအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမယ်လို့ သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထားတာပါ။

အခုတစ်ပတ်ကနေအစပြုကာ မိုးနှောင်းကာလရဲ့ မိုးလေဝသလက္ခဏာတွေ ကြုံတွေ့လာရတော့မှာဖြစ်ပြီး မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းကနေ လာမယ့် အောက်တိုဘာလ(၁၅)ရက်ဝန်းကျင်မှာ ပြန်လည်ဆုတ်ခွာသွားမှာဖြစ်တယ်လို့ ခန့်မှန်ထားပါတယ်။

ဒီတစ်ပတ်ထဲမှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ လေပွေလှိုင်းတစ်ခုဟာ လာမယ့် စက်တင်ဘာလ(၃)ရက်မှာ အစပျိုးဖြစ်ပေါ်လာနိုင်ပြီး စက်တင်ဘာ(၅)နဲ့ (၆)ရက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းချက်မှာဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

အခုတစ်ပတ်ဟာ မိုးနှောင်းကာလ နောက်မိုးခေါ် မုတ်သုံအဆုတ်မိုးပြန်ရရှိနိုင်ပြီး မုန်တိုင်းတွေနဲ့ဒွန်တွဲဖြစ်ပေါ်ပါက မိုးသည်းထန်စေကာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မြစ်ရေတွေမြင့်တက်လာနိုင်တဲ့အတွက် မြစ်ရေကြီးမှုဘေးအန္တရာယ်ကို သတိပြုရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနကတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ဧရာ၀တီမြစ်ရေဟာ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ (၁)ကြိမ်စီ၊ ဒုဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူနဲ့ မဒေါက်မြို့မှာ (၁)ကြိမ်စီ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့မှာ (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့မှာ (၁)ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁)ကြိမ်ခန့် အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက်ကို ကျော်လွန်ရောက်ရှိနိုင်ပြီး မြစ်ရေကြီးနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။