Connect with us

Hi, what are you looking for?

သတင်း

ရက်ပိုင်းအတွင်း မိမိကိုယ်ကိုအဆုံးစီရင်သည့်ဖြစ်စဥ် လေးခုရှိ၊ တစ်ဦးအသက်ရှင်ပြီး နှစ်ဦးရှာမတွေ့သေး

သြဂုတ် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း တမူးမြို့ပေါ်တွင် CDM ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်စမ်းမို့မို့သည် ကြိုးဆွဲချကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။

ပြည်နဝ​ဒေးတံတား​ပေါ်မှခုန်ချသွား​​သောသားအမိကိုရှာ​ဖွေကယ်ဆယ်​ရေး​လုပ်စဥ်ကြည့်ရှု​နေကြသူများ။ဓါတ်ပုံ-CJ
ပြည်နဝ​ဒေးတံတား​ပေါ်မှခုန်ချသွား​​သောသားအမိကိုရှာ​ဖွေကယ်ဆယ်​ရေး​လုပ်စဥ်ကြည့်ရှု​နေကြသူများ။ဓါတ်ပုံ-CJ

ယခုသြဂုတ်လနောက်ဆုံးပတ်အတွင်း နိုင်ငံတစ်ဝှမ်း မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်စဥ် လေးခုထက်မည်းဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဥ်များတွင် တစ်ဦးအသက်ရှင်ကာနှစ်ဦးမှာ ယနေ့(သြဂုတ် ၂၉)ရက်အထိ ရှာမတွေ့သေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသော လူမှုအဖွဲ့အစည်းများက ပြောသည်။

အဆိုပါ မိမိကိုယ်ကိုအဆုံးစီရင်မှုများတွင် ရန်ကုန်မြို့တွင် ဖြစ်စဥ်နှစ်ခု၊ ပဲခူးတိုင်း ပြည်မြို့တွင် ဖြစ်စဥ်တစ်ခုနှင့် စစ်ကိုင်းတိုင်း တမူးမြို့တွင် ဖြစ်စဥ်တစ်ခု အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှ ဖြစ်စဥ်နှစ်ခုတွင် ယနေ့(သြဂုတ် ၂၉ရက်)နေ့လယ် ၂ နာရီကျော်က ကမာရွတ်မြို့နယ်၊ အင်းလျားကန်အတွင်းသို့ အမျိုးသားတစ်ဦးခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သားအမိနှစ်ဦးကိုရှာ​ဖွေ​နေကြစဥ် ။ ။ဓါတ်ပုံ-CJ
သားအမိနှစ်ဦးကိုရှာ​ဖွေ​နေကြစဥ် ။ ။ဓါတ်ပုံ-CJ

ယင်းအမျိုးသားအား ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ ယနေ့ညနေ ၄ နာရီခွဲခန့်တွင် သေတုံးလျှက်ရှာဖွေတွေ့ရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း မီးသတ်ဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၂၅ ရက်မနက်ပိုင်းကလည်း ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်ရှိ ကမ္ဘာအေးလမ်းမကြီး၊ လူကူးဂုန်းကျော်တံတားပေါ်မှ အမျိုးသားတစ်ဦးခုန်ချကာ သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်

ယင်းအမျိုးသားမှာ အသက် (၅၈)နှစ်ရှိပြီဖြစ်ပြီး ဂုန်းတံတားပေါ်မှ အောက်သို့ခုန်ချခဲ့သော်လည်း အသက်မသေဘဲထိခိုက်ဒဏ်ရာသာရခဲ့ပြီး ၎င်းအား လူမှုကူညီရေးအသင်းတစ်ခုမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။

ပဲခူးတိုင်း၊ ပြည်မြို့တွင်မူ သြဂုတ် ၂၈ ရက်နေ့လယ် ၃ နာရီခန့်က သုံးနှစ်အရွယ်သမီးအားချီပွေ့လျှက် (၂၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး ပြည်နဝဒေးတံတားပေါ်မှ ခုတ်ချကာ သေကြောင်းကြံခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီအဖွဲ့က ပြောသည်။

အဆိုပါသားအမိနှစ်ဦးအား ယမန်နေ့ကတည်းက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့သည့်အပြင် ယနေ့တွင်ဆက်လက်ရှာဖွေသော်လည်း ညနေ ၅ နာရီကျော်သည်အထိ ရှာမတွေ့သေးကြောင်း ပရဟိတပါရမီအဖွဲ့က လူ ထုနွေဦးသို့ အတည်ပြုသည်။

အင်းလျားကန်အတွင်းရှာ​ဖွေကယ်ဆယ်​ရေးပြုလုပ်​နေကြစဥ်။ ဓါတ်ပုံ-CJ
အင်းလျားကန်အတွင်းရှာ​ဖွေကယ်ဆယ်​ရေးပြုလုပ်​နေကြစဥ်။ ဓါတ်ပုံ-CJ

တံတားပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည့် သားအမိနှစ်ဦးမှာ ပြည်မြို့ပေါ်မှဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုလိုကြံစည်ခဲ့သည်ကို မသိရသေးကြောင်း ယင်းအဖွဲ့က ဆက်ပြောသည်။

သြဂုတ် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း တမူးမြို့ပေါ်တွင် CDM ကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်စမ်းမို့မို့သည် ကြိုးဆွဲချကာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။

၎င်းသည် မိမိကိုယ်ကိုအဆုံးစီရင်းခြင်းမပြုမီ ယင်းနေ့နံနက်ပိုင်းက ခင်ပွန်းဖြစ်သူနှင့် တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပြီး CDM ပြုလုပ်ခဲ့ခြင်းအပေါ် ခင်ပွန်းသည်နှင့် မိသား စုဝင်အချို့က မနှစ်မြို့ခဲ့ကြောင်း တမူးဒေသခံများထံမှ သိရသည်။

သေကြောင်းကြံသည့် ဖြစ်စဥ်များ၏ ၇၀ ရာခိုင်နှုန်းသည် စိတ်ကျရောဂါနှင့် ဆက်စပ်နေကြောင်းတွေ့ရှိရပြီး အသက်အရွယ်မရွေး စိတ်ကျရောဂါဖြစ်နိုင်ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကတင်ဆက်သည့် တယ်လီကျန်းမာ အစီအစဥ်က ဖော်ပြသည်။

စိတ်ကျရောဂါဖြစ်စေနိုင်သူများတွင်အပျိုဖော်၊လူပျိုဖော်၀င်နှောင်းပိုင်း၊ သက်လတ်ပိုင်း၊အလုပ်မှအနားယူသည့်အသက်အရွယ်နှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များပြီး ယောင်္ကျား၊ မိန်းမ မရွေးဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

စိတ်ကျရောဂါဖြစ်စေနိုင်သည့် အဓိကအကြောင်းအရင်းများတွင် ကြီးမားသည်ဆုံးရှုံးမှု(ဥပမာ- ချစ်ခင်ရတဲ့ မိဘဆွေမျိုးသားချင်းတွေ ဆုံးရှုံးရတဲ့အခါ)၊ အိမ်ထောင်ရေး ပျက်ပြားသွားခြင်း၊ ငွေကြေးဆုံးရှုံးခြင်းနှင့် တစ်ခါတစ်ရံ အကြောင်းရင်း မယ်မယ်ရရမရှိဘဲလည်း ဖြစ်တတ်သည်ဟု ဆိုသည်။

ထို့ကြောင့် စိတ်ကျရောဂါခံစားရပြီဆိုပါကဆရာ၀န်နှင့်ဆောလျင်စွာတိုင်ပင်ပြီးကုသမှုခံယူမည်ဆိုပါက နောက်ဆက်တွဲဆိုးကြိုးများကို ရှောင်နိုင်မည်ဟု တယ်လီကျန်းမာအစီအစဥ်က အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မွန်တီနီဂရိုး နိုင်ငံမှာ သေနတ်သမား တစ်ယောက်ဟာ အနည်းဆုံး လူ ၁၀ ဦးလောက်ကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စ မအောင်မြင်ခဲ့တဲ့နောက် အဲဒီ အမိန့်ကို ကြီးမှူး အကောင်အထည် ဖော်ခဲ့သူ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

သတင်း

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။