Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး ကြေညာမှု မအောင်မြင်ခဲ့တဲ့နောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စ မအောင်မြင်ခဲ့တဲ့နောက် အဲဒီ အမိန့်ကို ကြီးမှူး အကောင်အထည် ဖော်ခဲ့သူ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စ မအောင်မြင်ခဲ့တဲ့နောက် အဲဒီ အမိန့်ကို ကြီးမှူး အကောင်အထည် ဖော်ခဲ့သူ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

ကင်မ်ယွန်ဟွန်ဟာ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းတုန်းက သမ္မတ ယွန်ဆွတ်ခ်ယော ရုတ်တရက် ထုတ်ပြန် ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို အဓိက ဦးစီး အကောင်အထည် ဖော်သူအဖြစ် စွပ်စွဲခံထားရပါတယ်။ သူဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ရာထူးကနေ တာဝန်ယူ နုတ်ထွက်ခဲ့ရပြီး အဖမ်းလည်း ခံထားရပါတယ်။

၆ နာရီသာ သက်တမ်းခံခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ဟာ နိုင်ငံကို ထိခိုက်စေခဲ့ကြောင်း စွပ်စွဲချက်တွေကို အကြောင်းပြုပြီး ကင်မ်ဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ သူ့အတွက် ဖမ်းဝရမ်းကို ဆိုးလ်မြို့တော် တရားရုံး တစ်ခုက အတည်ပြုပေးခဲ့တဲ့နောက် ရဲတွေက ကင်မ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ သူဟာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ပထမဆုံး ဖမ်းဆီးခံရသူလည်း ဖြစ်လာခဲ့ပါတယ်။

ကင်မ်ဟာ ဖမ်းဝရမ်း ထွက်လာပြီး တရားဝင် ဖမ်းဆီးတာကို မခံရခင် အတောအတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ကြောင်း ကိုရီးယား အကျဉ်းဦးစီးဌာနရဲ့ ကော်မရှင် အကြီးအကဲ ရှင်ယောင်ဟေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော်က ကြားနာမှု တစ်ခုမှာ အစီရင်ခံရာမှာတော့ ရှင်က ဝန်ကြီးဟောင်းဟာ သူ့ကို သွားရောက် ဖမ်းဆီးတဲ့အချိန် ရေချိုးခန်းထဲမှာ သေကြောင်းကြံဖို့ အားထုတ်နေခဲ့ပြီး အရာရှိ တစ်ဦးက တံခါးကို ဆွဲဖွင့်လိုက်တဲ့ နောက်ပိုင်းကျမှ အဲဒီကိစ္စကို ကင်မ်က လက်လျှော့လိုက်တာလို့ ပြောကြားသွားပါတယ်။ အသေးစိတ် အကြောင်းအရာတွေကိုတော့ သူက တင်ပြခဲ့ခြင်း မရှိပါဘူး။

လောလောဆယ်မှာတော့ ကင်မ်ကို သီးသန့်ခန်း တစ်ခုထဲမှာ ထားရှိကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဟောင်းမှာ ကျန်းမာရေး ပြဿနာ တစ်စုံတရာ မရှိကြောင်း ရှင်က ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက တောင်ကိုရီးယားမှာ အကြီးအကျယ် ဂယက်ထခဲ့ပြီး သမ္မတနဲ့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲမှုကြောင့် နိုင်ငံရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ချိုဂျီဟိုလည်း အဖမ်းခံထားရကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။