Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ၅ ရက်အတွင်း အမျိုးသား ၂ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးပမ်း

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။

အင်လျားကန်ထဲ ခုန်ချသွားတဲ့အမျိုးသားကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်
အင်လျားကန်ထဲ ခုန်ချသွားတဲ့အမျိုးသားကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်

ရန်ကုန်မြို့မှာ ရှိတဲ့ အင်းလျားကန်ထဲကို ဒီနေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချသွားတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ နေ့လယ်ပိုင်း ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ဘောင်ပေါ်မှာ ဖိနပ်တရံ ၊ဦးထုပ်အဖြူရောင် ကျန်ရစ်ခဲ့ပါတယ်။

ကန်ထဲခုန်ချသွားတဲ့အမျိုးသား ကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမယ့်မတွေ့သေးဘူးလို့ သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကမ္ဘာအေး ဘုရားလမ်း ၊ဂမုန်းပွင့်ကုန်တိုက်ရှေ့က လူကူးကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး အဆုံးစီရင်ဖို့ ခုန်ချခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ခုန်ချတဲ့ အမျိုးသားဟာ အသက်သေဆုံးမှုမရှိဘဲ ခါးရိုးထိခိုက်သွားတယ်လို့သိရပါတယ်။

မနေ့ကလည်း ပြည်မြို႕ နဝဒေး တံတားပေါ်ကနေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ အသက် ၃ နှစ်အရွယ် သမီးဖြစ်သူနဲ့အတူ ဧရာဝတီမြစ်ထဲ ခုန်ချသွားခဲ့ပါတယ်။

ဧရာဝတီမြစ်ထဲခုန်ချသွားတဲ့ သားအမိ ၂ ဦးကို ရှာဖွေကယ်ဆယ်မှုတွေ ဒီနေ့အထိလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook