Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ ၆၀၀၆တင့်ကားတပ်မှ ဗိုလ်​တစ်ဦးကိုယ်တိုင်အဆုံးစီရင်

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။

(စစ်တပ်က အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို တင့်ကားများ၊သံချပ်ကာကားများ လမ်း​ပေါ်ထုတ်​မောင်းပြ၍ ခြိမ်း​ခြောက်ခဲ့စဥ်။ဓါတ်ပုံ-Getty Images)
Myanmar soldiers patrol the street during a demonstration against the military coup outside the Central Bank in Yangon, Myanmar on February 15, 2021. (Photo by Myat Thu Kyaw/NurPhoto via Getty Images)

ကန့်ဘလူအခြေစိုက် စစ်ကောင်စီ တင့်ကားတပ်ရင်းမှ ဗိုလ်တစ်ဦးသည် မတ်လ ၁၇ရက်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

၆၀၀၆ တင့်ကားတပ်ရင်းမှ ဗိုလ်ဇေယျာထွန်းသည် အရက်အလွန်အကျွံသောက်ပြီးနောက် မတ်လ ၁၇ရက် နံနက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“သူ့မိသားစုက ရန်ကုန်မှာနေတာ။ မိန်းမနဲ့အဆင်မပြေဘူးကြားတယ်။ သူ့မိန်းမကလည်း လူမှုရေးပြဿနာရှိတယ်လို့ ကြားတယ်။ တပ်ထဲမှာလည်းသူမပျော်ဘူး။ စစ်လည်းမတိုက်ချင်ဘူးလို့ ပြောတယ်။ သူသတ်သေတာကို စစ်တပ်က လိုက်ဖုံးနေတယ်”ဟု၆၀၀၆ တင့်ကားတပ်ရင်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းတွင် ပြီးခဲ့သည့်လက အခြားဒေသမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ‌အရပ်သားများရှိရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။

မတ်လ ၁၈ရက်ညကလည်းကန့်ဘလူမြို့တဖက်ကမ်းရှိသပိတ်ကျင်းမြို့ဘက်မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ကန့်ဘလူမြို့ ပန်းစည်ကြီးရွာမှ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တစ်ဦးစစ်သင်တန်းဆင်းပြီးနောက် တပ်ရင်းသို့ ပို့ဆောင်ချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း မုံရွာခရိုင်၊ အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ (၃)ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးမြို့နယ်မှာ PDFတွေရဲ့ဖမ်းဆီးမှုခံလိုက်ရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာတွေကြောင့် ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ဒီကနေ့(ဇွန်လ ၈ရက်)မှာ ဖော်ပြလာပါတယ်။

နိုင်ငံတကာ

မွန်တီနီဂရိုး နိုင်ငံမှာ သေနတ်သမား တစ်ယောက်ဟာ အနည်းဆုံး လူ ၁၀ ဦးလောက်ကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

Facebook