Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်တိုက်ပွဲတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းပျက်စီးသွားသည့် CDF ကန်ပတ်လက် အရာရှိနှစ်ဦးအတွက် အကူအညီလိုအပ်နေ

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီနှင့် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အကောင်းပကတိပြန်မဖြစ်နိုင်တော့သည့် အရာရှိနှစ်ဦးအတွက် လူထု၏ အားပေးကူညီမှုလိုအပ်နေကြောင်း CDF ကန်ပက်လက် တပ်မဟာမှူးက အသိပေးသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။

” အားထားရတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်နှစ်ဦးဟာ အခုဆိုရင် နဂိုရ်အတိုင်း ပြန်ဖြစ်ဖို့မလွယ်တော့ဘူး။ သွားသွား လာလာ လုပ်လို့မရတော့ဘူး။ သူတို့အတွက် ပြည်သူတွေရဲ့ အားပေးကူညီမှုတွေ လိုအပ်နေပါတယ်”ဟု CDF ကန်ပတ်လက် တပ်မဟာမှူး ရှိန်းထန်းက ပြောသည်။

ဒဏ်ရာရထားသည့် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် တစ်ဦးတွင်ကလေးနှစ်ဦးနှင့် ကျန်တစ်ဦးတွင် ကလေးငါးဦးရှိသည်။

Public Service Announcement

Public Service Announcement

” ဓာတ်ဆီတစ်ဗူး လေးထောင်ကျပ် ဝန်းကျင်ရှိတဲ့စစ်ရေးပြင်းထန်တဲ့ ကျွန်တော်တို့ ချင်းမြေမှာ အခုလိုမျိုးအားကိုးရတဲ့ ရဲဘော်တွေရဲ့နောက်ကွယ်မှာ မိသားစုဝင်တွေဘယ်လောက်ခက်ခဲစွာရုန်းကန်နေကြမလဲဆိုတာထုတ်မပြောတတ်အောင်ပါပဲ။အလယ်အလတ်တန်းစားနဲ့အထက်တန်းစားတွေ ကျွန်တော်တို့အခြေခံလူတန်းစားတွေရဲ့တော်လှန်ရေးကို အာရုံစူးစိုက်ပေးကြဖို့အချိန်ရောက်ပြီထင်တယ်။ မိဘပြည်သူများအနေဖြင့် ဒဏ်ရာရရဲဘော်နှစ်ယောက်အတွက်တတ်နိုင်တဲ့ဖက်က ကူညီပံ့ပိုးပေးကြဖို့အကူအညီတောင်းခံလိုပါတယ်”ဟု တပ်မဟာမှုးက ရှိန်းထန်းက မေတ္တာရပ်ခံသည်။

ကူညီပေးလိုသည့် ပြည်သူလူထူအနေဖြင့် CDF-Kanpetlet ၏ ဖုန်းနံပတ် ၀၉-၄၂၆၁၉၄၃၆၁ နှင့် ၀၉-၇၅၆၁၂၉၂၇၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သြဂုတ် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်နှစ်ဦး၏ လုံခြုံရေးအတွက် CDF ကန်ပတ်လက်က တိုက်ပွဲသတင်းမထုတ်ပြန်ခဲ့ဘဲ ယခုမှသာ အသိပေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။