Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်တိုက်ပွဲတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းပျက်စီးသွားသည့် CDF ကန်ပတ်လက် အရာရှိနှစ်ဦးအတွက် အကူအညီလိုအပ်နေ

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီနှင့် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အကောင်းပကတိပြန်မဖြစ်နိုင်တော့သည့် အရာရှိနှစ်ဦးအတွက် လူထု၏ အားပေးကူညီမှုလိုအပ်နေကြောင်း CDF ကန်ပက်လက် တပ်မဟာမှူးက အသိပေးသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် သြဂုတ် ၁၆ရက်က တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်း ဖြစ်သည်။

” အားထားရတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်နှစ်ဦးဟာ အခုဆိုရင် နဂိုရ်အတိုင်း ပြန်ဖြစ်ဖို့မလွယ်တော့ဘူး။ သွားသွား လာလာ လုပ်လို့မရတော့ဘူး။ သူတို့အတွက် ပြည်သူတွေရဲ့ အားပေးကူညီမှုတွေ လိုအပ်နေပါတယ်”ဟု CDF ကန်ပတ်လက် တပ်မဟာမှူး ရှိန်းထန်းက ပြောသည်။

ဒဏ်ရာရထားသည့် CDF ကန်ပတ်လက်မှ တပ်ရင်းမှူးနှင့်တပ်ခွဲမှူးသည် တစ်ဦးတွင်ကလေးနှစ်ဦးနှင့် ကျန်တစ်ဦးတွင် ကလေးငါးဦးရှိသည်။

Public Service Announcement

Public Service Announcement

” ဓာတ်ဆီတစ်ဗူး လေးထောင်ကျပ် ဝန်းကျင်ရှိတဲ့စစ်ရေးပြင်းထန်တဲ့ ကျွန်တော်တို့ ချင်းမြေမှာ အခုလိုမျိုးအားကိုးရတဲ့ ရဲဘော်တွေရဲ့နောက်ကွယ်မှာ မိသားစုဝင်တွေဘယ်လောက်ခက်ခဲစွာရုန်းကန်နေကြမလဲဆိုတာထုတ်မပြောတတ်အောင်ပါပဲ။အလယ်အလတ်တန်းစားနဲ့အထက်တန်းစားတွေ ကျွန်တော်တို့အခြေခံလူတန်းစားတွေရဲ့တော်လှန်ရေးကို အာရုံစူးစိုက်ပေးကြဖို့အချိန်ရောက်ပြီထင်တယ်။ မိဘပြည်သူများအနေဖြင့် ဒဏ်ရာရရဲဘော်နှစ်ယောက်အတွက်တတ်နိုင်တဲ့ဖက်က ကူညီပံ့ပိုးပေးကြဖို့အကူအညီတောင်းခံလိုပါတယ်”ဟု တပ်မဟာမှုးက ရှိန်းထန်းက မေတ္တာရပ်ခံသည်။

ကူညီပေးလိုသည့် ပြည်သူလူထူအနေဖြင့် CDF-Kanpetlet ၏ ဖုန်းနံပတ် ၀၉-၄၂၆၁၉၄၃၆၁ နှင့် ၀၉-၇၅၆၁၂၉၂၇၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

သြဂုတ် ၁၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်နှစ်ဦး၏ လုံခြုံရေးအတွက် CDF ကန်ပတ်လက်က တိုက်ပွဲသတင်းမထုတ်ပြန်ခဲ့ဘဲ ယခုမှသာ အသိပေးခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။