Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

“မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖျဉ်းတော့ ခွေးတွေထိခိုက်ပြီးသေဆုံးနိုင်တယ်လို့သိရပါတယ်။ အတိအကျတော့မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်
ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Guardians UG မှတာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ဩဂုတ် ၃၁ရက်ည ၇ နာရီအချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းကို အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်များနိုင်ကြောင်း ၎င်းက ဆိုသည်။

“မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖျဉ်းတော့ ခွေးတွေထိခိုက်ပြီးသေဆုံးနိုင်တယ်လို့သိရပါတယ်။ အတိအကျတော့မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ အကြမ်းဖက်စစ်ကောင်စီဝင်များ ယင်းနေရာသို့လာရောက်စစ်ဆေးခဲ့ပြီး Guardian UG အဖွဲ့သားများ ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Guardian UG အဖွဲ့သည် မှော်ဘီအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ဒေါင်းအလံလွှင့်စစ်ဆင်ရေးကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါင်းအလံလွှင့်စစ်ဆင်ရေးသည် လွတ်လပ်မှုနှင့်တရားမျှတခြင်းအား ကိုယ်စားပြုကာ ပြည်သူ များနှင့်အတူ ပြတ်သားစွာရပ်တည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ပထမဆုံးစစ်ဆင်ရေး အနေဖြင့် ဩဂုတ် ၂၆ ရက်ညက မှော်ဘီ အမှတ် (၄)လမ်းဆုံအနီးရှိလုံခြုံရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

ရှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် ညီနောင်သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည့် အခြေအနေကို အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။