Connect with us

Hi, what are you looking for?

သတင်း

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

“မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖျဉ်းတော့ ခွေးတွေထိခိုက်ပြီးသေဆုံးနိုင်တယ်လို့သိရပါတယ်။ အတိအကျတော့မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်
ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

ဒေါင်းအလံလွှင့် စစ်ဆင်ရေးအနေဖြင့် မှော်ဘီမြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Guardians UG မှတာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ဩဂုတ် ၃၁ရက်ည ၇ နာရီအချိန်ခန့်တွင် မှော်ဘီမြို့မရဲစခန်းကို အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်များနိုင်ကြောင်း ၎င်းက ဆိုသည်။

“မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။အကြမ်းဖျဉ်းတော့ ခွေးတွေထိခိုက်ပြီးသေဆုံးနိုင်တယ်လို့သိရပါတယ်။ အတိအကျတော့မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ အကြမ်းဖက်စစ်ကောင်စီဝင်များ ယင်းနေရာသို့လာရောက်စစ်ဆေးခဲ့ပြီး Guardian UG အဖွဲ့သားများ ဘေးကင်းကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Guardian UG အဖွဲ့သည် မှော်ဘီအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ဒေါင်းအလံလွှင့်စစ်ဆင်ရေးကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါင်းအလံလွှင့်စစ်ဆင်ရေးသည် လွတ်လပ်မှုနှင့်တရားမျှတခြင်းအား ကိုယ်စားပြုကာ ပြည်သူ များနှင့်အတူ ပြတ်သားစွာရပ်တည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ပထမဆုံးစစ်ဆင်ရေး အနေဖြင့် ဩဂုတ် ၂၆ ရက်ညက မှော်ဘီ အမှတ် (၄)လမ်းဆုံအနီးရှိလုံခြုံရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။