Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီမြို့ အမှတ်(၄)လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ် လုံခြုံရေးဘန်ကာတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် တွေ့ရသည့် စစ်ကောင်စီတပ် လုံခြုံရေးဘန်ကာတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ဟုဆို

ရန်ကုန်တိုင်း မှော်ဘီမြို့ အမှတ်(၄)လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကြောင်း မှော်ဘီအခြေစိုက် Guardians UG အဖွဲ့က ယနေ့(သြဂုတ် ၂၆) ထုတ်ပြန်သည်။

ယနေ့ည ၈ နာရီ ၅၀ ခန့်က မှော်ဘီမြို့ အမှတ် (၄)လမ်း မကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အထက်ပါဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း Guardians UG အဖွဲ့က အသိပေးသည်။

“(စစ်တပ်အင်အား)ပြောရတော့ခက်တယ်ဗျ အဲဂိတ်က ကြီးတယ်။ ဘဲဥ(ယာဥ်ထိန်းရဲ)တွေရော၊ ရဲတွေရော စစ်တပ်ရော အစုံရှိတယ်။ ဂိတ်လည်း ကြီးတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက အမှတ် (၄)လမ်းမရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ မှော်ဘီမြို့အမှတ် (၄)လမ်းမကြီးရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို တော်လှန် ရေးအင်အားစုများက မကြာခဏတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။