Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးနှင့် ထန်တလန်အကြား တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၆၀ဦးထက်မနည်းသေဟု CNFထုတ်ပြန်

လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ဟားခါးနှင့်ထန်တလန်အကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်တပ်ပြီး ဟားခါးနှင့် ထန်တလန်အကြားရှိ သီးမြစ်တံတားကို ပြန်လည်တည်ဆောက်ကာ စစ်ရေးအရ စစ်အင်အား ဖြည့်တင်းပြီး ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ချေမှုန်းနိုင်ရေး အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးစစ်ဆင်လာရာ ဇူလိုင် ၃၀ရက်မှယခုတိုင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

တိုက်ပွဲတစ်လတာအတွင်း စစ်ကောင်စီတပ်သား ၆၀ဦးထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများစွာ ဒဏ်ရာရရှိစေခဲ့ကြောင်း CNFက အသိပေးထားပြီး ပူးပေါင်းတပ်ဖွဲ့မှ ဟာခါး CDF ရဲဘော် တစ်ဦးကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

လက်ရှိ အချိန် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း လေကြောင်းဖြင့် လူအင်အားလက်နက်အင်အားများ ဖြည့်တင်းလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

စစ်ကောင်စီတပ်သည် အင်အား ၈၀ကျော်ဖြင့် လွန်ခဲ့သည့်တစ်လက ဟားခါး – ထန်တလန် ကြားရှိ သီးမြစ်ဒေသသို့ စစ်ကြောင်းထိုးလာရာ ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC)၏ အထူးတပ်ဖွဲ့၊ ထန်တလန် ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ CDF-Zophei၊ CDF-Lautu၊ CDF-Mara၊ ဟားခါး CDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို ချင်းပူးပေါင်းတပ်ဖွဲ့ကရရှိခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။