Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်သစ်က ဟောပြောပွဲ တစ်ခုမှာပါဝင်မယ့် တော်လှန်ရေး လှုပ်ရှားသူပန်းချီဆရာမခြူး​ဝေ

အကြုံတွေကိုလည်း ဟောပြောသွားမယ်လို့ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (PRIO)ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)
(ပန်းချီဆရာမ ခြူး​ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတွင်သူမ​ရေးဆွဲဖန်တီးထားသော မြန်မာပြည်သူများ၏ခံစားချက်ကိုပဲ့တင်သံထပ်​စေသည့်ပန်းချီကားများ။ ဓါတ်ပုံ- ခြူး​ဝေFB)

မြန်မာ့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့တဲ့ လူငယ် ပန်းချီ ဆရာမခြူး​ဝေဟာ ပြင်သစ်နိုင်ငံက အနုပညာ ဆွေးနွေးပွဲ တစ်ခုမှာ ပါဝင် ဟောပြောသွားမှာ ဖြစ်ပါတယ်။

မြန်မာဘူငယ်ပန်းချီဆရာမဟာသူမဖန်တီးထားတဲ့အနုပညာ လက်ရာတချို့အကြောင်း ရှင်းလင်း ပြသရင်း စစ်အာဏာရှင်တွေရဲ့ အဖိနှိပ်ခံ လူ့အသိုက်အဝန်း တစ်ခုမှာ ဖြတ်သန်းခဲ့ရတဲ့သူ့အတွေ့အကြုံတွေကိုလည်း ဟောပြောသွားမယ်လို့ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ငြိမ်းချမ်းရေး သုတေသနဌာန (PRIO)ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူမဟာ မျက်မှောက်ခေတ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝအခြေအနေ အရပ်ရပ်ကို ဖော်ကျူးတဲ့ အနုပညာ လက်ရာတွေ ဖန်တီးခဲ့သူ တစ်ဦးအဖြစ်ပန်းချီအသိုင်းအဝန်းမှာ သတ်မှတ် ခံထားရပါတယ်။ သူဟာ ရိုးရာနဲ့ လက်ဖြစ် ပန်းချီ ပစ္စည်းတွေကို အဓိက အသုံးပြုပြီး ယုံကြည်မှု ပြည့်ဝတဲ့၊ ခိုင်မာ အားကောင်းတဲ့ အမျိုးသမီးတွေပုံ ပန်းချီ လက်ရာတွေ ရေးဆွဲခဲ့ပါတယ်။

သူ့ရဲ့ အနုပညာ ဗီဇနဲ့ စိတ်ကူးဉာဏ် ထက်သန်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ပန်းချီ အနုပညာ ရပ်ဝန်းမှာ ထင်ရှားတဲ့ တက်သစ်စ ပန်းချီဆရာမတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တော့ ပန်းချီဆရာမခြူးဝေနွယ်ဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး Write for Rights ဆန္ဒပြ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အကြမ်းဖက် စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလာရတဲ့အခါ သူမဟာ ပြည်ပကို တိမ်းရှောင်ခဲ့ရပါတယ်။ သူဟာ ကိုယ်ပိုင် ပန်းချီလက်ရာတွေကို ယူကရိန်းနိုင်ငံဆီပေးပို့နိုင်ခဲ့ပြီးအဲဒီမှာအခြေချဖို့ရည်ရွယ်ခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော် စစ်ပွဲကြောင့် အစီအစဉ်တွေ ပြောင်းလဲခဲ့ရပါတယ်။ လောလောဆယ် ပန်းချီဆရာမခြူးဝေငြိမ်းဟာ ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာစစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တတ်အားသ၍ ပါဝင်နေဆဲ ဖြစ်သလို အနုပညာ လက်ရာသစ်တွေလည်း ဆက်ပြီး ဖန်တီးနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းခုံးကျော်တံတားနံရံပန်းချီကို ဖျက်ဆီးခဲ့တဲ့အတွက်ပိုမိုကြီးမားသော နံရံပန်းချီကို ဆွစ်ဇာလန်နိုင်ငံ၊ဇူးရစ်မြို့ကအိမ်နံရံတစ်ခုမှာ အခုနှစ်(၂၀၂၂)ဧပြီလမှာ မြန်မာအမျိုးသမီးပန်းချီဆရာမ ခြူး​က​ရေးဆွဲဖန်တီးခဲ့ပါတယ်။

စစ်အာဏာရှင်အလိုမရှိသင်္ကေတ ‘လက်သုံးချောင်းထောင်’ ထားတဲ့ အမျိုးသမီးပုံကို​နံရံပန်းချီကို ၅၂ x ၆၂ ပေ အကျယ်ရှိ နံရံအပြည့်ရေးဆွဲခဲ့တာပါ။

“မြန်မာပြည်အတွက် နံရံပန်းချီ။ သူတို့က နံရံပန်းချီတွေ ဖျက်ပစ်တယ်၊ ကိုယ်ကလဲ ပိုကြီးတဲ့တခု ထပ်ဆွဲလိုက်တယ်” လို့ ပန်းချီဆရာမက သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒါ့အပြင် ပန်းချီဆရာမ ခြူး​ဝေက အဖိုးတန်မျက်ရည်များအမည်နဲ့ မြန်မာပြည်သူ​တွေ ဆုံးရှုံးရတာ​တွေ ၊ ခံစားရတာ​တွေကို စကားလုံး​တွေနဲ့ပုံ​ဖော်ပြီး​တော့ အဲဒီနံရံပန်းချီကားအကြီးမှာဖန်တီး​ရေးဆွဲခဲ့တာပါ။

“ဘယ်သူကမှ ဆုံးရှူံးမှုကို မခံစားချင်ဘူး”

“ကိုယ်ချစ်တဲ့ လိုက်ကာအပြာလေးကို ဆုံးရှူံးခဲ့ရတယ်”

“ချစ်ရတဲ့ ကောင်လေးကို ဆုံတွေ့ခွင့် ဆုံးရှူံးခဲ့ရတယ်”

“ဘောလုံးပွဲကြည့်ရင် ငြင်းခုန်မဲ့အဖေ့ကို ဆုံးရှူံးခဲ့ရတယ်”

“သူ့ကို နားလည်ပေးတဲ့ အဖွားကို ဆုံးရှူံးခဲ့ရတယ်”

“လူလိုသူလို နေထိုင်ခွင့်တွေ ဆုံးရှူံးခဲ့ရတယ်”

“ကိုယ့်ရဲ့ နိုင်ငံကို ဆုံးရှူံးခဲ့ရတယ်”

“လျှပ်စစ်မီးတွေ၊ အင်တာနက်တွေ ပုံမှန် သုံးခွင့် ဆုံးရှူံးနေရတယ်”

“လုံခြုံမှု ဆိုတာကို ဆုံးရှူံးခဲ့ရတယ်”

“ခုန်နေတဲ့ နှလုံးသားတွေ ဆုံးရှူံးခဲ့ရတယ်”

“လွတ်လပ်စွာ ဆန္ဒပြမှုတွေ ဆုံးရှူံးခဲ့ရတယ်”

“ကိုယ်၊လက် အင်္ဂါတွေ ဆုံးရှူံးခဲ့ရတယ်”

“ဂီတာတီးတာ ကြိုက်တဲ့သူ့လက် အရိုက်ခံခဲ့ရတာတွေကြောင့် လက်အကြောနဲ့ လှုပ်ရှားနိုင်မှု​တွေ ဆုံးရှုံးရတယ်”

ဆုံးရှူံးမှုတွေက ပြောရရင်တော့ အများကြီးပဲ။ မြန်မာနိုင်ငံသား အားလုံးကို ဘောပင်တစ်ချောင်းပေးပြီး ‘ရော့၊ ရေး၊ မင်းဆုံရှူံးခဲ့တာတွေ’လို့ ပြောရင် ကျွန်တော်တို့ ခင်ဗျားတို့ မသိသေးတဲ့ ဆုံးရှူံးမှုတွေပါ မြင်ရလိမ့်မယ်”လို့ လည်းသူမက ​ရေးသားထားပါတယ်။

“ခု – ဒီမြန်မာပြည်အတွက် နံရံဟာ အဖိုးတန်မျက်ရည်​တွေနဲ့ အတူ ရေးဆွဲပုံဖော်ခဲ့ပြီး နံရံလေးက စကားတွေပြောနေတယ်။” လို့ ပန်းချီရာမ​က မြန်မာပြည်သူ​တွေရဲ့ခံစားချက်​တွေကို ဆွစ်ဇာလန်နိုင်ငံမှာ ပန်းချီပညာနဲ့​ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။