Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်အဖွဲ့များ​၏ အခြေစိုက်စခန်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စီးနင်းစဉ် မိုင်းကွင်းမိ၍ ဆုတ်ခွာထွက်ပြေးရဟု မင်းလှ PDF အသိပေး

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းနေရာ (အခြေစိုက်စခန်း)အား စွန့်ခွာခဲ့သည်။

(မင်းလှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-UMHPDF)
(မင်းလှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-UMHPDF)

ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်များ၏အခြေစိုက်စခန်းကို စစ်ကောင်စီက အင်အားအများအပြားဖြင့် စီးနင်းခဲ့သော်လည်း မိုင်းကွင်းအတွင်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားရကြောင်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့များ၏ အခြေစိုက်စခန်းသို့ စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့်သြဂုတ် ၃၀ရက် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကြိုတင်ထောင်ထားသည့် မိုင်းများကို အချိန်ကိုက်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ် အထိနာသွားပြီး ပြန်ဆုတ်ခွာသွားသည်ဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ရန်သူဘက်မှ မိုင်းကွင်းနှင့် စခန်းပတ်ချာလည်မှ မိုင်းများနင်းမိပြီး စခ (၁၀)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခအလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ နောက်ဆုတ်သွားခဲ့ပါသည်” ဟု ယမန်နေ့(စက်တင်ဘာ ၁ရက်)ည တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ကပစ(၂)၊ ကပစ(၁၀)၊ ကပစ(၁၃)၊ တပ်မ(၈၈)လက်အောက်ခံ ခလရ(၈၃)တပ်နှင့် ထောက်/ပို့(၉၄၉) ပူးပေါင်းတပ်များအသုံးပြု၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ အခြေစိုက်စခန်းကို သိမ်းယူရန်ကြိုးစားခဲ့ခြင်းဟုဆိုသည်။

လက်နက်ကြီးများ၊ စက်လက်များ၊ လက်နက်ငယ် များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ မိုင်းကွင်းအတွင်း ရောက်ရှိပြီး အထိနာသွားခြင်းဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ယင်းနေရာ (အခြေစိုက်စခန်း)အား စွန့်ခွာခဲ့သည်။

“ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အထိအခိုက်၊ အကျအဆုံးမရှိ ခွာစစ်ကို အကောင်းဆုံးအသုံးပြု၍ အောင်မြင်စွာဖြင့် စခန်းအားယာယီဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူလူထုထံ တင်ပြအပ်ပါသည်”ဟု မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား