Connect with us

Hi, what are you looking for?

News

မင်းလှအမှတ် (၁၀) ကပစ မှတပ်ကြပ်ကြီးစာ​ရေးပြည်သူနှင့်ပူ​ပေါင်း

သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ချိတ် ဆက်ဆောင်ရွက်ကာ လွတ်မြောက်ရေးဆောင် ရွက်ပေးသွားမည်ဟု လွိုင်ကော် PDF က ​ဖော်ပြထားသည်။

မင်းလှ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးစာရေးတစ်ဦး CDM ပြုလုပ်လာကြောင်း လွိုင်ကော် PDF က ယနေ့(မေ ၁၀ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါတပ်ကြပ်ကြီးစာရေးသည်မေလ ၉ ရက် (ယမန်နေ့)က လွိုင်ကော် PDF ထံသို့ အလင်းဝင် ပူးပေါင်းလာခဲ့ခြင်းဖြစ်ကာကောင်း မွန်စွာ စောင့်ရှောက်ထားကြောင်း အသိပေးသည်။

သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ချိတ် ဆက်ဆောင်ရွက်ကာ လွတ်မြောက်ရေးဆောင် ရွက်ပေးသွားမည်ဟု လွိုင်ကော် PDF က ​ဖော်ပြထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်မှ လက် အောက်မှ ထွက်ခွာ၍ CDM ပြုလုပ်လိုသူများအမေဖြင့် လက်နက်နှင့်တကွ ဆက်သွယ်ပူး ပေါင်းမည်ဆိုပါက ဆုငွေ သိန်း (၅၀) တိတိ ချီးမြင့်ပြီး ဘဝ တစ်လျှောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ရေးကိုပါ ကူညီဆောင်ရွက်သွားမည်ဟု လွိုင်ကော် PDF ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခင်လက အမျိုးသားညီညွတ်ရေးအစိုးရ ၏ ထုတ်ဖော်ပြောကြားချက်များအရ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM ပြုလုပ်လာသည့် ရဲနှင့် စစ်သား ၁၅,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။