Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့တွင် မိုးသည်းထန်နေ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ရှေ့တန်းစခန်းများတွင် နေထိုင်စရာ အခက်ကြုံတွေ့နေ

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

The Youth Force-Saw & Kyaukhtu ၏ရှေ့တန်းစခန်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Youth Force-Saw & Kyaukhtu
The Youth Force-Saw & Kyaukhtu ၏ရှေ့တန်းစခန်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Youth Force-Saw & Kyaukhtu

ယောဒေသ၊ ဆောမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ရှေ့တန်းစခန်းများတွင် နေထိုင်စရာအခက်အခဲ ကြုံတွေ့နေရသည်။

“စခန်း(၃)က ရဲဘော်လေးတွေလည်း နေထိုင်ရတာ သိပ်အဆင်မပြေကြဘူး။ ကျွန်တော်တို့အဖွဲ့တွေထက် နေထိုင်ရခက်ခဲတဲ့သူတွေလည်း ရှိကြဦးမှာပါ။ဖြစ်နိုင်ရင်​တော့ မိုးကာဖြစ်ဖြစ်၊ မိုးကာ အင်္ကျီဖြစ်ဖြစ်ရချင်တာ”ဟု ယောဒေသအခြေစိုက် The Youth Force – Saw & Kyaukhtu ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယောဒေသအပါအဝင် အထက်ပိုင်းဒေသမျာတွင် စက်တင်ဘာ ၅ရက်မှစ၍ မိုးအားကောင်းနေခြင်းဖြစ်သည်။ လတ်တလောတွင် မိုးဆက်လက်အားကောင်းနေ၍ နေရာထိုင်ခင်းအတွက် အခက်အခဲကြီးမားစွာ ကြုံတွေ့နေရသည်ဟု The Youth Force – Saw & Kyaukhtu ဆိုသည်။

The Youth Force – Saw & Kyaukhtu သည် အမျိုးသားညီညီရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံတပ်ရင်းဖြစ်ရေး လျှောက်ထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။ The Youth Force – Saw & Kyaukhtu အား ဆက်သွယ်လှုုဒါန်းလိုပါက အဖွဲ့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/TheYouthForce2022 သို့ ဆက်သွယ်နိုင်ပါသည်။

Public Service Announcement

Public Service Announcement

လတ်တလောရာသီဥတုအခြေအနေအရ ရေကြီးမှုနှင့်မြေပြိုမှုဘေးကို သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်ပေါ် လာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း၊ဒေသအများစု၌မိုးများနိုင်၍ မြေပြိုမှုဘေးနှင့်ရေဘေးသတိပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

အပြင်းအထန် သည်းသည်းမည်းမည်း ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးတွေကြောင့် ပါကစ္စတန် မြောက်ပိုင်းမှာ တစ်ရက်အတွင်း လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ရုတ်တရက် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် လူ ၅၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေပါတယ်။