Connect with us

Hi, what are you looking for?

သတင်း

ကလေး – တမူး အာရှကားလမ်းမကြီးတွင် ယာဥ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများ PDF ဖမ်းမိ

တမူး – ကလေးအာရှလမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဥ် စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဥ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)
ဓာတ်ပုံ - တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)

ကလေး – တမူး အာရှကားလမ်းမကြီးတွင် ယာဥ်တစ်စီးပေါ်မှ စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ပြီး စစ်ကောင်စီထုတ်ကုန်များအပါအဝင် မှောင်ခိုပစ္စည်းသယ်ဆောင်ရောင်းဝယ်မှုများကို ဆက်လက်ဖမ်းဆီးသွားမည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က ထုတ်ပြန်သည်။

တမူးပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ရက်ကတမူး – ကလေးအာရှလမ်းမကြီးပေါ် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဥ် စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဥ်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ပီနံအိတ်ဖြူ ငါးလုံးဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြားများကို ဖမ်းမိခဲ့သည်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)၊သတင်း ပြန်ကြာရေး ဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးများ ဖြစ်ကြသည့် Boycott စာရင်းတွင် ပါဝင်သော တားမြစ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ ရွှေမှောင်ခိုလုပ်ငန်းများ၊ တရားမဝင်ငွေမည်းမှောင်ခိုလုပ်ငန်းများ၊ သစ်မှောင်ခိုလုပ်ငန်းများ ကူးသန်းရောင်းဝယ်မှု မရှိစေရန် မော်တော်ယာဉ်များအား တားစီးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

“ကလေးတွေ( ပြည်သူ့ကာကွယ်ရေးရဲဘော်များ) က မြို့ထဲကလွဲလို့ ကျန်တဲ့နေရာတွေ စိုးမိုးထားတယ်။ အခုလို ဖမ်းဆီးပေးတာ သိပ်ကောင်းတယ်။မူးယစ်ဆေးက စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးမှုမရသေးသည့် တမူးမြို့ပေါ်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက နေရာယူထားသည်။ ထို့အပြင် မြို့ထဲရပ်ကွက်များတွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်နေသည်။ ပျူစောထီးအဖွဲ့ဝင်အချို့ပါဝင်သည့် ဓားပြအဖွဲ့ကို စက်တင်ဘာ ၅ရက်တွင် ဒေသခံများက ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့