Connect with us

Hi, what are you looking for?

သတင်း

ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး
ကသာခရိုင်တိုက်ပွဲ စစ်ကောင်စီတပ်သားလေးဦးသေပြီး ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ချောင်းဝနှင့် မင်းကျောင်းကုန်းကျေးရွာကြားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြို့လှ K-PDFက ယနေ့ (စက်တင်ဘာ ၉ ရက်) ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကစင့်ကလျားဖြစ်သွားခဲ့ရပြီး နှစ်ဖွဲ့ကွဲကာ ချောင်းဝကျေးရွာအတွင်းသို့ တပ်ဆုပ်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်အရ စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် မြေနူ့ကျေးရွာတွင် ယာယီတပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှာ ကချင်ပြည်နယ်အစပ် ချောင်းဝကျေးရွာ နှင့်မင်းကျောင်းကုန်းရွာဘက်သို့အင်အား ၈၃ဦးဖြင့် ထိုးစစ်ဆင်လာစဥ် မြို့လှ K- PDF တပ်ရင်း တပ်ခွဲ (၁)မှ ဗိုလ်မိုးကြိုးဦးစီးသော တပ်စိတ်မှူးဒေါင်းညိုအဖွဲ့က ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ရဲဘော်များအထိအခိုက်မရှိ စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စက်တင်ဘာ ၆ ရက်က စစ်ကောင်စီ၏ ခလရ(၇၇)တပ်ကို စစ်ကိုင်း နှင့် ကချင် ပြည်နယ်အစပ် သာယာကုန်းရွာ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြို့လှKPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။